အမှားကို မြင်ပြီး တရားဝင် ကုန်သွယ်မှု အမှန် လမ်းပေါ်က ပြင်ဆင် လျှောက်လှမ်း ဖို့ အချိန် တန်ပြီ

တနင်္လာနေ့  ၄ မတ်လ  ၂၀၁၃  2 း 05 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရား မဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) မှ တရားမဝင် မှောင်ခို ပစ္စည်း သယ်ဆောင်မှု များအား တားဆီး အရေးယူ ဆောင်ရွက် လျက် ရှိရာ တရား သဖြင့် မှန်မှန် ကန်ကန် နဲ့ ဂုဏ်သိက္ခာ ရှိရှိ ကုန်သွယ်မှု မပြု လိုတဲ့ ဝိသမ စီးပွားရေး သမား များဟာ တရားဝင် ကုန်သွယ်မှု လုပ်ငန်း များကို အကာ အကွယ် ယူပြီး နိုင်ငံ တော်သို့ ပေးဆောင်ရမဲ့ အခွန် အခများ ကို တိမ်းရှောင် နိုင်ရန် အကောက်ခွန် ( ဂျူတီ ) ဆောင် ထားတဲ့ ကုန်တင် ယာဉ် များနဲ့ တရား မဝင် ပစ္စည်းများ ရောနှော လဲလှယ် (အစားထိုး) သယ်ဆောင်ခြင်း၊ ခရီးသည်တင် မှန်လုံယာဉ် များကို အံဝှက်များ ပြုလုပ်ပြီး အသုံးချ သိုဝှက် သယ်ဆောင်ခြင်း များ ပြုလုပ် နေတယ် လို့ စစ်ဆေး တွေ့ရှိ ရပါတယ်။(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်အား နှိပ်ပါ)

 

တရား မဝင် (မှောင်ခို) ကုန်သည် များ အခွန် ရှောင် (အကောက်ခွန်မဲ့) သယ်ဆောင် ခြင်း၊ ရုံးလုပ်ငန်း မဆောင်ရွက် ရတဲ့ အတွက် ဈေးကွက် သို့ နှာတဖျားသာ စောရောက်ခြင်း၊ တရားဝင် စစ်ဆေး ခွင့်ပြု တင်သွင်းခြင်း မဟုတ်တဲ့ အတွက် အရည် အသွေး မမီ၊ စံချိန် စံညွှန်း မကိုက်ညီ တဲ့ ပစ္စည်း အတု အပများကို တင်သွင်းပြီး ဈေးကွက်မှာ ဈေးဖျက် ရောင်းချ နိုင်ခြင်း တို့ကြောင့် အကျိုး အမြတ် ပိုမို ရရှိကာ တရား မဝင် ကုန်သွယ်မှု ကို နည်းလမ်း မျိုးစုံ သုံးပြီး အကွက်ချ စီမံ ဆောင်ရွက် နေကြမယ် ဆိုရင် မှန်မှန် ကန်ကန်ဖြင့် ကုန်သွယ်မှု ပြုနေ သူများသည် သိုး ရေခြုံ ဟန်ဆောင် ထားတဲ့ ဝံပုလွေ အစား ခံရတဲ့ သိုးငယ် တွေလို မယှဉ်ပြိုင် နိုင်ပဲ ထိခိုက် ပျက်စီး ဆုံးရုံှုးပြီး နောက်ဆုံး လမ်းကြောင်း မှန်ပေါ်က သွေဖယ် သွားနိုင် သလို အခြား နိုင်ငံ များနဲ့ ယှဉ်ပြိုင် ကုန်သွယ်မှု ပြုရာ မှာလည်း တရား မဝင် ပစ္စည်းများကို သယ်ဆောင် နေကြခြင်း ဖြစ်ရာ တရား မဝင် ဈေးကွက်မှာ အရောင်း အဝယ် ပြုလုပ် ရတဲ့ အတွက် ရသင့် ရထိုက် တဲ့ တန်ရာ တန်ကြေး အတိုင်း မရ ရှိဘဲ နစ်နာပြီး နိုင်ငံတော်နဲ့ ပြည်သူများ ရရှိမဲ့ အခွန် အခများ ဆုံးရှုံး ရတ ဲ့အပြင် အစား အသောက်နဲ့ ဆေးဝါး၊ ပစ္စည်း အတု အပများ ကြောင့် စားသောက် သုံးစွဲ မိတဲ့ အတွက် ကျန်းမာရေး ထိခိုက်၊ ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။

ဒီအခြေ အနေ မှန်တွေ ကို ကျော်လွှား ကာကွယ် တားဆီး နိုင်ဖို့ Mobile Team အဖွဲ့ များ ဖွဲ့စည်း တားဆီး ဆောင်ရွက် နေရာ ၈-၂-၂ဝ၁၃ ရက်နေ့ တွင် အကောက်ခွန် ဂျူတီ ဆောင်ထား တဲ့ သွင်းကုန် ယာဉ်(၃)စီး အား Sport Check စစ်ဆေး ရာ ယာဉ်ခေါင်းခန်းများ အတွင်းမှ တရားမဝင် အိမ်သုံး ဆေးဝါး များနဲ့ အဝတ် အထည် မျိုးစုံ စုစု ပေါင်း ခန့်မှန်း တန်ဖိုး ၆၂ဝ၄၅ဝဝ ကျပ် အား သိမ်းဆည်း ခဲ့ပြီး၊ ၁၄-၂-၂ဝ၁၃ ရက်နေ့ည ၁၉း၄ဝ နာရီမှ ၁၅-၂-၂ဝ၁၃ ရက် နေ့ နံနက် ဝ၂၃ဝ နာရီ အတွင်း ခရီးသည်တင် မှန်လုံ ယာဉ်များ ကို စစ်ဆေးစဉ် အချိန် အခါကောင်း ကို အခွင့် ကောင်းယူ အသုံးချ လာတဲ့ မသင်္ကာဖွယ် မှန်လုံ ယာဉ် (၅) စီး အား အသေးစိတ် ဖွင့်ဖောက် စစ်ဆေးမှု ပြုလုပ် ခဲ့ရာမှာ အံဝှက်များ အတွင်း တရား မဝင် သိုဝှက် သယ်ဆောင် လာတဲ့ အကောက်ခွန် မဲ့ စားသောက် ကုန်၊ အခိုျရည်၊ ဘီယာ၊ အဝတ်အထည်၊ အလှကုန် ပစ္စည်းနဲ့ အိမ်သုံးဆေးများ အပါ အဝင် စုစုပေါင်း ပစ္စည်း ခန့်မှန်း တန်ဖိုး ၃၆၆ဝ၂၈ဝဝ ကျပ် အား ရှာဖွေ တွေ့ရှိ သိမ်းဆည်း ရမိ ခဲ့တယ် လို့ သိရှိ ရပါတယ်။

မြန်မာ နိုင်ငံ သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်ရာ ၂ဝ၁၅ တွင် ကျင့်သုံး ဆောင်ရွက် မဲ့ အာဆီယံ လွတ်လပ် သော ကုန်သွယ်မှု ဒေသ (AFTA) တွင် မလွဲ မသွေ လိုက်ပါ ဆောင်ရွက် ရမည် ဖြစ်ရာ ကုန်စည်များ အပေါ် အခွန် ကောက်ခံခွင့် မရှိတော့ ဘဲ သူ့ထက်ငါ အပြန် အလှန်၊ အပြိုင် အဆိုင် လွတ်လပ်စွာ စီးမျော ဝင်ထွက် သယ်ဆောင် ကြရမှာ ဖြစ်တဲ့ အတွက် အဓိက အခန်း ကဏ္ဍမှ ပါဝင်တဲ့ ကုန်သည် လုပ်ငန်းရှင်များ အနေနဲ့ စည်းကမ်း နည်းလမ်း တကျ လိုက်နာ မဆောင်ရွက်ဘူး ဆိုပါက အခြား နိုင်ငံ များမှ စမ်းသပ် ထုတ်လုပ် ထားတဲ့ အာမခံချက် မရှိတဲ့ တရား မဝင် တင်သွင်း လာသော အစား အသောက်၊ ဆေးဝါး များနဲ့ လူသုံးကုန် ပစ္စည်းများ ကြောင့် နိုင်ငံသူ၊ နိုင်ငံသား များမှာ အစမ်းသပ်ခံ ဘဝသို့ ရောက်ရှိ သွားမှာ ဖြစ်သလို အခြေခံ လူနေမှု ဘဝ ယိမ်းယိုင် ပြိုလဲပြီး နိုင်ငံ့ စီးပွားရေး ထိခိုက် ဆုံးရှုံး မှုများနဲ့ ရင်ဆိုင် ကြုံတွေ့ ရမှာ ဖြစ်တဲ့ အတွက် တရား မဝင် လမ်းကြောင်းမှ ဆောင်ရွက် နေသူ များသည် အမှား ကို မြင်ပြီး အမှန်ကို ပြင်ဆင် လျှောက်လှမ်း ကြဖို့ အရေး တကြီး လိုအပ် နေချိန်သို့ ရောက်ရှိ နေပြီ ဖြစ်တယ်လို့ အသိပေး တိုက်တွန်း ပြောကြား လိုပါတယ်။

ရွှေမြိုင်သား