FDA ထောက်ခံချက်ရရှိပြီး ပစ္စည်းတူများတင်သွင်းခွင့်ရရှိရေးညှိနှိုင်း

တနင်္လာနေ့ ၈ ဧပြီလ  ၂၀၁၃ 12 : 07  PM

တမူးနယ်စပ် တွင်ကုန် သွယ်မှု ပြုနေသော ကုမ္ပဏီ အချို့နဲ့ ITC ကတ် အသုံး ပြုပြီး စားသောက် ကုန် တင်သွင်း သူများ အနေနဲ့ FDA ထောက်ခံချက် ရရှိရေး အတွက် အခက် အခဲ များရှိ နေကြ တဲ့အ တွက် FDA ထောက်ခံ ချက်နဲ့ တင်သွင်း ခွင့်ရရှိ ပြီးဖြစ်တဲ့ ကုန်ပစ္စည်း တူများအား တင်သွင်း ခွင့်ရ ရှိရေးနဲ့ တမူးနယ် စပ်ကုန် သည် အသင်း အနေ နဲ့ FDA ရရှိပြီး ကုမ္ပဏီ များနဲ့ ညှိနှိုင်း ဆောင်ရွက် ပေးရန်၊ ကူညီ ပံ့ပိုးပေးရန် မတ်လ ၂၁ ရက်နေ့က တမူး ကူးသန်း ရောင်းဝယ် ရေးနှင့် စားသုံးသူ အကာအကွယ် ပေးရေး ဌာနမှာ ပြုလုပ်တဲ့ ကုန်သွယ် မှုမြှင့် တင်ရေး အစည်း အဝေးမှာ တင်ပြ လာကြ ပါတယ်။ တမူး နယ်စပ် ကုန်သည် များအသွင်းများပြီး FDA ထောက်ခံ ချက်အခက် အခဲရှိနေတဲ့ စားသောက် ကုန်ပစ္စည်း များမှာ စပျစ်သီးခြောက်၊ စွန်ပ လွန်ယိ ု၊ ပါပ လာတို့ ဖြစ်တယ် လို့ သိရပါတယ်။

အင်းဝဘရားသားစ် ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်ရွှေ က၎င်း တို့ ကုမ္ပဏီ အနေနဲ့ စား သောက်ကုန် ပစ္စည်း များနဲ့ ပတ်သက်ပြီး စပျစ် သီးခြောက်၊ စွန်ပ လွန်ယို တို့ အတွက် ထောက်ခံ ချက်ရ ယူထားပြီး ဖြစ်ကြောင်း၊ အခြား လုပ်ငန်း ရှင်များ အားခွဲဝေ ပေးနိုင်ပါ ကြောင်း၊ ဒါပေမဲ့ နိုင်ငံ တော်တား မြစ် ကုန်များကို ယင်းပ စ္စည်း များနဲ့ သိုဝှက် ရောနှော သယ်ဆောင် မှုပြု ၍ ပြဿနာ ဖြစ်ပါက မူလ လိုင်စင်နဲ့ ID အမည် ပေါက်သူ က လိုက်လံ ရှင်းလင်း ရမှာဖြစ်၍ ကုန်သည် အသင်းမှ တာဝန် ယူဖြေရှင်း ပေးနိုင်ရေး တော့ လို အပ်မယ် လို့ တင်ပြ ဆွေးနွေး ခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။

Source: ကသရ (တမ) MIRT (DOBT)