အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ(AHCA) အထူးအစည်းအဝေးသို့ တက်ရောက်ခြင်း

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ(AHCA) အထူးအစည်းအဝေးသို့ တက်ရောက်ခြင်း
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်

“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ(AHCA) အထူးအစည်းအဝေး” ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် (၀၈:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်အထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင် ဦးဆောင်၍ ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရာတွင် အခြေခံရမည့် လမ်းညွှန်အခြေခံမူများ(မူကြမ်း) ကို အတည်ပြုနိုင်ရေးနှင့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို တရားဝင်စည်းနှောင်မှုရှိသည့် သဘောတူစာချုပ် (Legally Binding) အဖြစ် ရေးဆွဲနိုင်ရေးတို့အပေါ် သဘောထားအမြင်များအား သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။