2nd ACAFTA WGC အစည်းအဝေး တက်ရောက်ခြင်း

အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဒုတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး (2nd ACAFTA WGC) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ACAFTA WGC အာဆီယံဥက္ကဋ္ဌဖြစ်သူ Mr. Arunan Kumaran နှင့် ကနေဒါ ယှဉ်ပြိုင်မှုဗျူရိုမှ ယှဉ်ပြိုင်မှုဥပဒေအရာရှိ Mr. Li Yu တို့က တွဲဖက်သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းအတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက်များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။