ခေါင်းဆောင်မှုစွမ်းဆောင်ရည်ဆိုင်ရာသင်တန်း ဖွင့်လှစ်ခဲ့မှု
ခေါင်းဆောင်မှုစွမ်းဆောင်ရည်ဆိုင်ရာသင်တန်း ဖွင့်လှစ်ခဲ့မှု
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ အလယ်အလတ်အဆင့် အရာထမ်းများ အတွက် ဖွင့်လှစ်သော ခေါင်းဆောင်မှုစွမ်းဆောင်ရည်ဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက် (တနင်္လာနေ့) နံနက် (၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃) မြေညီထပ်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။
၂။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များနှင့် Comprehensive Development Education Center မှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်သူ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။
၃။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းအား နောင်မိမိဝန်ကြီး ဌာနအတွက် ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ထမ်းရွက်ကြမည့် အလယ်အလတ်အဆင့် အရာထမ်း များအား ခေါင်းဆောင်မှုစွမ်းရည်တိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ပါကြောင်း၊ ဌာနအကြီးအကဲများအနေဖြင့် ပိုမိုထူးချွန်ထက်မြက်သော ခေါင်းဆောင်ကောင်းများပေါ် ထွက်လာရန် လေ့ကျင့်ပေးသွားဖို့တာဝန်ရှိကြောင်း၊ ခေါင်းဆောင်မှုအရည်အချင်းဆိုင်ရာ သီအိုရီများ ဖော်ပြသည့် စာအုပ်များစွာရှိကြောင်း၊ မြန်မာ့လူမှုအသိုက်အဝန်းတွင်လည်း ခေါင်းဆောင်မှုစွမ်းရည်ကို အကြီးအကဲ ကျင့်ဝတ်(၆)ပါးတွင် တွေ့ရှိနိုင်ကြောင်း၊ ပြောကြားခဲ့ပြီး ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများကို လုပ်ငန်းအတွေ့အကြုံများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ပါသည်။