ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာသင်ခန်းစာ ဆွေးနွေးပို့ချခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် ၂၉-၄-၂၀၂၄ ရက်နေ့မှ ၁၄-၅-၂၀၂၄ ရက်နေ့အထိ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း) သင်တန်းအမှတ်စဉ် (၂/၂၀၂၄)ကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ယှဉ်ပြိုင်မှုကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော်က “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။