အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ဆဋ္ဌမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ဆဋ္ဌမအကြိမ်ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေး(6th ACAFTA WGC)ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။            

အစည်းအဝေးတွင် ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးတွင် ဆွေးနွေး ခဲ့မှုများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ယှဉ်ပြိုင်မှုအခန်းတွင် ထည့်သွင်းမည့်အချက်အလက်များ၊ ယှဉ်ပြိုင်မှုအခန်းအပြင် စားသုံးသူကာကွယ်ရေးအခန်းကိုပါ ထည့်သွင်းနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် တို့ကို ဆွေးနွေးခဲ့ကြပါသည်။

           အစည်းအဝေးသို့ ကနေဒါနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ် များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။