WTO ၏သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်း သဘောတူညီချက်အား နားလည်သဘောပေါက်မှုဆိုင်ရာသင်တန်း သတင်းအပြည့်အစုံ

WTO ၏သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်း သဘောတူညီချက်အား နားလည်သဘောပေါက်မှုဆိုင်ရာသင်တန်း

သတင်းအပြည့်အစုံ

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား WTO ၏သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်း သဘောတူညီချက်အား သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါ သည်။

၃။         “WTO ၏သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်း သဘောတူညီချက်အား နားလည်သဘောပေါက်မှု ဆိုင်ရာသင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဩဂုတ်လ (၁၃) ရက် နေ့မှ (၁၄) ရက်နေ့ထိ နေ့လယ် (၁၃:၀၀) နာရီမှ (၁၅:၃၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့  ပါသည်။

၄။      အဆိုပါ သင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြ အဖြစ် WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင် မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။