Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၁၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦး က “အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက် က ထပ်မံ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ 

၄။         ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီကျော် က  ဆွေးနွေးပြောကြားခဲ့သော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦး အား ဂုဏ်ပြုလက်ဆောင်ပေးအပ် ချီးမြှင့်ခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

၅။         အဆိုပါ  Wednesday Talk ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ပြည်ထောင်စုဝန်ကြီးရုံး  လက်ထောက်အတွင်းဝန် နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးများ နှင့်  အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၂၆) ဦး တို့ တက်ရောက်ခဲ့ပါသည်။