Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ ၌  Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါ သည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် WTOနှင့်အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု နှင့်ဆက်နွယ်နေ သော အဖွဲ့အစည်းများဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင် နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စုလှိုင် တို့က “ဒေသတွင်းကုန်သွယ်ရေး၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘော တူညီချက်များအရ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါ သည်။ 

၃။         အဆိုပါဆွေးနွေးပွဲတွင် “ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန်၊ ဒေသတွင်းကုန်သွယ်မှု မူဝါဒဆိုင်ရာ ကိစ္စရပ်များအတွက် နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရှိ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မှု ပိုမိုအားကောင်းလာစေရန် အတွက် သိရှိ စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

၄။         ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညီညီအောင် က  ထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။ 

၅။         ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီကျော်က  ဆွေးနွေးပြောကြားခဲ့သော  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင် နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စုလှိုင် တို့အား ဂုဏ်ပြုလက်ဆောင် ပေးအပ် ချီးမြှင့်ခဲ့ပြီး ကုန်သွယ်ရေးဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင် က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

၆။         အဆိုပါ  Wednesday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးများ နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄၅) ဦး တို့ တက်ရောက်ခဲ့ပါသည်။