ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း (သတင်းအပြည့်အစုံ)

ကုန်သွယ်ရေးဦးစီးဌာန

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) 

သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း

(သတင်းအပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့ နေ့လယ် (၁၁:၅၀) နာရီ မှ (၁၂:၁၀) နာရီ အချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းဆင်းပွဲတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်က ကုန်သွယ်ရေးဦးစီးဌာန ရှိ  ဌာန (၁၃) ခု၏ လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို သိရှိအောင် သင်တန်းများကို ပို့ချခဲ့ခြင်းဖြစ် ကြောင်း၊ သင်တန်းတွင် သင်တန်းသား/ သင်တန်းသူများအနေဖြင့်  ဌာနခွဲများ၏ လုပ်ငန်းကိုပိုမို နားလည်သိရှိစေရန်၊ အခြေခံသင်တန်းလည်ပတ်မှုစနစ် အားကောင်းစေရန်၊ စံနမူနာပြအဖြစ် အနာဂတ် မျိုးဆက်သစ်များအား ဌာနအတွက် လုပ်ဆောင်ချက်ကောင်းအောင် လုပ်ရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းကောင်းများ အနေ ဖြင့် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်စေချင်ပါကြောင်း အဖွင့်အမှာစကားကို ပြောကြားခဲ့ပါသည်။

၃။      ဆက်လက်၍ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် က သင်တန်းသားထူးချွန်ဆုရ သင်တန်းသား နှင့် (A) အဆင့်သင်တန်းသားများ၏   အောင်လက်မှတ်များကို ဆုချီးမြှင့်ခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင် က B,C,D အဆင့်ရ သင်တန်းသားများ၏ သင်တန်းဆင်း အောင်လက်မှတ်များကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။

၄။      သင်တန်းဆင်းပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲများမှ ဖိတ်ကြားထားသော ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။