စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ Reception သင်တန်းကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၆
   စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ Reception သင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့နံနက် ၁၀ နာရီအချိန်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) တွင် ကျင်းပခဲ့သည်။
  အဆိုပါ သင်တန်းတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လျှောက်လွှာများနှင့် အခကြေးငွေဆိုင်ရာများ၊ စာပေသို့မဟုတ်အနုပညာလက်ရာမှတ်ပုံတင်လျှောက်ထားခြင်း (CR-1)အတွက် စိစစ်ရမည့် အချက် များ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ် မှတ်ပုံတင်လျှောက်ထားခြင်း (CR-2)အတွက် စိစစ်ရမည့်အချက်များနှင့် File Wrapper များအကြောင်း စသည်ဖြင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အိုင်တီဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင့်သဉ္ဇာမျိုးက စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်လွှာလက်ခံခြင်းနှင့် စပ်လျဉ်း၍ လျှောက်လွှာလက်ခံဌာနခွဲများသို့ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းစနစ် CRFile System  စနစ်အသုံးပြုနည်းကို စာတွေ့၊ လက်တွေ့သင်ကြားပို့ခဲ့ပါသည်။ အဆိုပါသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာန နေပြည်တော်(ရုံးချုပ်)၊ အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး)နှင့် အောက် မြန်မာပြည်ရုံးခွဲ(ရန်ကုန်)မှ လျှောက်လွှာလက်ခံဆောင်ရွက်နေသည့် အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်းသတင်းရရှိသည်။