Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၁၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် “ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း” ခေါင်းစဉ်ဖြင့် မိမိတို့ဌာနအတွက် ဆောင်ရွက်လျက်ရှိသော စျေးကွက်အတွင်း လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များ လျော့နည်းပပျောက်စေရေး ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုများ ရရှိစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ပါသည်။

၃။         စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလင်း က အဆိုပါ ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးထိုက် က  ထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။ 

၄။         ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းလွင် က ဆွေးနွေး ပြောကြားခဲ့သော  ဦးစီးအရာရှိ ဒေါ်သီတာလင်း အား ဂုဏ်ပြုလက်ဆောင် ပေးအပ် ချီးမြှင့်ခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

 

၅။         အဆိုပါ  Wednesday Talk ဆွေးနွေးပွဲသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄၂) ဦး တို့ တက်ရောက်ခဲ့ပါသည်။