ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၄) (သတင်းအပြည့်အစုံ)

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၄)

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ

ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် သင်တန်းများကို တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေးဦးစီး ဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်းများအတွက် ဖွင့်လှစ်သော ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

၃။         အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် (၂/၂၀၂၄) ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခု  သင်တန်းအမှတ်စဉ် (၃/၂၀၂၄) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက် နေ့မှ နိုဝင်ဘာလ (၆) ရက်နေ့အထိ (၇) ရက်ကြာ သင်တန်းသား (၄၀) ဦးတို့ဖြင့် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။ 

၄။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်းများကို ဥပဒေသဘောတရားများ သိရှိနားလည်ပြီး ဥပဒေအား လေးစားလိုက်နာသော နိုင်ငံ့ ဝန်ထမ်းကောင်းများ ဖြစ်ပေါ်စေရန်နှင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် လက်တွေ့လိုက်နာကျင့်သုံး နိုင်ခြင်းဖြင့် ပေးအပ်သောတာဝန်ကို စွမ်းဆောင်ရည် မြင့်မားစွာ၊  ကျေပွန်စွာ၊ ထမ်းဆောင်နိုင်စေရန် အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ 

၅။         သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈၅) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။