Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ WTOနှင့်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုကိုမောင် က“ Seminar on Origin Management for Developing Countries ” ခေါင်းစဉ်ဖြင့်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာကိစ္စများ၊ အကောက်ခွန်၏ အခန်းကဏ္ဍများ၊ ပင်ရင်းနိုင်ငံစည်းမျဉ်းနှင့်စပ်လျဉ်း၍ တရုတ်အကောက်ခွန်၏ ဥပဒေပြဌာန်းထားရှိမှုများနှင့် ပင်ရင်း နိုင်ငံသက်သေခံလက်မှတ် စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို လေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်ပါသည်။

၃။         မူပိုင်ခွင့်ဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က ဆွေးနွေး ပြောကြားခဲ့သော လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုကိုမောင် အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

၄။         အဆိုပါ  Wednesday Talk ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၂၁) ဦးတို့ တက်ရောက်ခဲ့ပါသည်။