ယှဉ်ပြိုင်မှုဥပဒေသင်တန်း (သတင်းအပြည့်အစုံ)
ယှဉ်ပြိုင်မှုဥပဒေသင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “ယှဉ်ပြိုင်မှုဥပဒေသင်တန်း” နှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုဥပဒေဆိုသည်မှာ နိုင်ငံစီးပွားရေး၏ ယှဉ်ပြိင်မှုပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရေးဆွဲထားသောစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုတိုးတက်စေရန် တာဝန်သတ်မှတ်ချက်များ ပါဝင် သကဲ့သို့ ယှဉ်ပြိင်မှုကို ကျဆင်းစေမှုမှလည်း ကာကွယ်ရေးဆွဲထားသည့် အကြောင်းအရာများအား သိရှိနိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၃။ “ ယှဉ်ပြိုင်မှုဥပဒေသင်တန်း ” အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့ထိ နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ အဆိုပါသင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိရွှေစင် က သင်ခန်းစာများအား ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက် ခဲ့ပါသည်။