အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများ၊ National Trade Portal များနှင့်စပ်လျဉ်း၍ သိကောင်းစရာများသင်တန်း (သတင်းအပြည့်အစုံ)
အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများ၊ National Trade Portal များနှင့်စပ်လျဉ်း၍ သိကောင်းစရာများသင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “ အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများ၊ National Trade Portal များနှင့် စပ်လျဉ်း၍ သိကောင်းစရာများသင်တန်း” နှင့်ပတ်သက်၍ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘော တူညီချက်တွင် ဖော်ပြပါရှိသည့် ပွင့်လင်းမြင်သာမှုဆိုင်ရာ စည်းမျဉ်းများ၊ အာဆီယံကုန်သွယ်မှုအချက် အလက်ဘဏ္ဍာတိုက် (ASEAN Trade Repository - ATR)၊အမျိုးသားအဆင့် ကုန်သွယ်မှုအချက် အလက်ဘဏ္ဍာတိုက် (National Trade Repository - NTR)၊ အကောက်ခွန်မဟုတ်သော စီမံ ဆောင်ရွက်မှုများ (Non-Tariff Measures - NTMs) ဆိုင်ရာအချက်အလက်များအကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက် နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ အနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြ အဖြစ် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦးက သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦး တို့ တက်ရောက်ခဲ့ပါသည်။