ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ် (၁၂)၌ ကျင်းပပြုလုပ်သော (၅၁)ကြိမ်မြောက် Knowledge Sharing Program တွင် မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ဟောပြောဆွေးနွေးခဲ့
နေပြည်တော်၊ ဇန်နဝါရီလ ၃၀ ရက်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ (၅၁)ကြိမ်မြောက် Knowledge Sharing Program ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီ အချိန်၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ် (၁၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက မူပိုင်ခွင့်၏အရေးပါပုံနှင့် အခြေခံသိကောင်းစရာများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာအခြေခံ သိကောင်းစရာများနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းခြင်းများအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။