မန္တလေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်
စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေပါအတိုင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင် (၁၆) ဦးဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ပြီးဖြစ် ပါသည်။ ၎င်းစားသုံးသူ အငြင်းပွား မှုဖြေရှင်းရေး အဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံ/ စီးပွားဝန်ကြီး ဦးအောင်ဇံမှ ကြီးမှူး၍ အဖွဲ့ဝင်များနှင့် စားသုံးသူအကာအ ကွယ်ပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် စားသုံးသူ အငြင်းပွားမှုဖြေ ရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံမှအဖွဲ့၏ လုပ်ငန်းတာဝန် များဖြစ်သော စားသုံးသူ အငြင်းပွား မှုများကိုစေ့စပ် ညှိနှိုင်းပေးခြင်း၊ ဖြေရှင်းပေးခြင်း၊ စားသုံးသူ အကာအကွယ် ပေးရေးနှင့်စပ် လျဉ်းသော အသိပညာ ဗဟုသုတများကို စားသုံးသူအား ဖြန့်ဖြူးပေးခြင်း၊ ကုန်စည် (သို့မဟုတ်)ဝန် ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ တိုင်ကြားမှုကို လက်ခံစစ်ဆေးြ ခင်း၊ ဗဟိုကော်မတီ ကအခါအား လျော်စွာ ပေးအပ်သော တာဝန်များ ကိုဆောင်ရွက်ခြင်း စသည်များကို လစ်ဟာမှု မရှိဘဲကျယ် ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင် ရွက်နိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးပေး ပါရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။
၎င်းနောက် စားသုံးသူ အငြင်းပွားမှုဖြေ ရှင်းရေးအဖွဲ့ အတွင်းရေးမှူး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာဦစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဆွေတင့်ကြူးမှ စားသုံးသူအကာ အကွယ် ပေးရေးနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရ မည့်လုပ်ငန်း များအား ရှင်းလင်းတင်ပြခဲ့ပြီး အဖွဲ့ဝင်များမှ တစ်ဦးချင်းပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ချစ်ကောင်း DCCA MDY