နယ်စပ်စုံက ပို့တဲ့နှမ်း
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းမှ ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကန်ဒေါ်လာ၂ ဒသမ ၇၂၀သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၁၃၆၆ တန်ကျော်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေး ဇုန်ကနေ ကန်ဒေါ်လာ သုညဒသမဝ၇၉သန်း တန်ဖိုးရှိ နှမ်းနက်တန် ၄၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က မူဆယ်နဲ့ ချင်းရွှေ ဟော်စခန်းများမှ နှမ်းရောင်စုံ ၁၃၁၉ တန်ကျော်သာ တင်ပို့ခဲ့တာမို့ ယခုရက်သတ္တ ပတ်မှာ တရုတ်နယ် စပ်က နှမ်းတင်ပို့မှု ၄၆ တန်ခွဲ ပိုမိုလာပါတယ်။မူဆယ် ကုန်စည်ဒိုင်မှာတော့ ယခင်ရက်သတ္တပတ်က နှမ်းဖြူတစ်တန်ကို မိမိဘက်ပေါက်ဈေး ၂၂၆၆၅၈၃ ကျပ် မှ ယခု ၂၂၆၂၇၉၃ ကျပ်သို့ ဈေးအနည်း ငယ်ကျဆင်း ခဲ့ပြီး နှမ်း နက်တစ်တန် ၂၃၁၆၈၃၄ ကျပ်မှ ၂၃၄၆၄၀၅ ကျပ်သို့ ဈေးပြန် လည်မြင့်တက် လာတာ တွေ့ရပါတယ်။ မန္တလေး - မူဆယ် ကုန်စည်သယ်ယုူခမှာ ယခင် ရက်သတ္တပတ်က နှမ်းတစ်ပိ ဿာကို (၈၉-၈၇) ကျပ်ရှိပြီး ယခုရက်သတ္တပတ်မှာ (၉၀-၈၈) ကျပ် သို့ သယ်ပို့ကားခလည်း မြင့်တက် သွားကြောင်း သိရပါတယ်။ ယခုတစ်ပတ်ရဲ့ စခန်းအလိုက်တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကို ဖော်ပြပေး လိုက်ပါတယ်-
တန်ချိန်-ကိန်းပြည့်
နှမ်းအမျိုးအစား မူဆယ် ချင်းရွှေဟော် မြဝတီ
နှမ်းဖြူ ၅၁.၅၀ ၂၂၀ -
နှမ်းနက် ၃၀.၈၅ ၁၀၃၀ ၄၀.၅၁၂
နှမ်းညို - - -
နှမ်းဖြူ(အခွံချွတ်) ၃၄.၅၀ - -
မော်မော်အောင် MIRT DCCA