စီးပွားရေးနှင့်ကူးသန်ရောင်းဝယ်ရေးဝန်ကြီးမှ မူဆယ်(၁၀၅) မိုင်အဝင်အထွက်လမ်းများအား ၄ လမ်း သွားအဖြစ် တိုးချဲ့ဖောက်လုပ်ရန်လမ်းညွှန်
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို ဒီဇင်ဘာလ၂၄ ရက်နေ့က ကုန်သွယ်ရေးဇုန် အစည်းအဝေး ခန်းမမှာပြုလုပ် ခဲ့တယ်လို့ သတင်းရ ရှိပါတယ်။ အစည်းအဝေးသို OSSဌာနများ၊ ကုန်စည်ဒိုင်များ၊ FDA ၊ MITS မော်တော်ယာဉ် အသင်းများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။
ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင် ဥက္ကဋ္ဌမှ ယခု အခါပြောင်းဈေးနှုန်း ကျဆင်းနေ တဲ့အတွက် ပြောင်းတစ်တန် ဈေးကိုဒေါ်လာ၂၇၀သို့လျှော့ချ သတ်မှတ်ပေးစေ လိုကြောင်းနဲ့ ကုန်စည်ဒိုင် အဝင် အထွက်ကားလမ်း ကြောင်းမှာအတက်၊ အဆင်းမောင်းနှင် လျက်ရှိသောကြောင့် ယာဉ်ကြောပိတ်ဆို့မှု များဖြစ် ပေါ်နိုင်တဲ့အတွက် အတက်၁လမ်း၊ အဆင်း၁လမ်းသတ်မှတ်ပေးစေလိုကြောင်း၊ သစ်သီးကုန်စည်ဒိုင်ဥက္ကဋ္ဌမှ လက်ရှိသစ်သီးတင်ပို့မှုတွင် ဈေးနှုန်းတွက်ချေမကိုက်ခြင်း သယ်ယူစရိတ်ကြီးမြင့် နေခြင်းများ ကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ေ နခြင်း တို့ကို အဆင်ပြေစွာတင်ပို့နိုင်ရေးဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးစေလိုကြောင်း၊ ဆီးသီးတင်ပို့ရောင်းချတဲ့ရာသီလည်း ဖြစ်ရာ ဆီးသီးများ လျင်မြန်စွာတင်ပို့ ရောင်းချနိုင်မှသာ ဈေးကောင်းရရှိမည်ဖြစ်ကြောင်း၊ ဆီးသီးတင်ယာဉ်များနဲ့ ရေထွက်ပစ္စည်း ယာဉ်များအား ဦးစားပေး ကုန်ပစ္စည်းအဖြစ်သတ်မှတ်၍ ကုန်သွယ်ရေးဇုန်သို့ အလှည့်ကျော် ဝင်ရောက်ခွင့်ပြု ပေးစေလိုကြောင်း၊ မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်းဥက္ကဋ္ဌမှ စက်ပစ္စည်းများ လိုင်စင် လျှောက်ထားပြီး ဂျူတီဆောင်သည့်အခါ အကောက်ခွန် ဦးစီးဌာန မှ ဈေးနှုန်းပြင်ဆင် သတ်မှတ်မှုများနဲ့ သက်ဆိုင်ရာဌာနအချင်းချင်း မည်သို့ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း C/O ကွဲလွဲ မှုကြောင့်် သိမ်းဆည်းကုန်ပစ္စည်းများအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ မည်ကဲ့သို့ တင်သွင်းခွင့်ပြုနိုင် မည်ကိုသိရှိလိုကြောင်း၊ ၂၀၁၅ ခုနှစ်မော်တော် ဆိုင်ကယ်ဈေးနှုန်း သတ်မှတ်ပေးရန် ကိစ္စများကိုဆွေး နွေးတင်ပြခဲ့ကြပါတယ်။
ဆွေးနွေးတင်ပြချက် များအပေါ် OSS အကောက်ခွန် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ ပြောင်းဈေး နှုန်းအား ဒေါ်လာ၂၇၀ လျှော့ချ သတ်မှတ်ပေးရန် ကိစ္စနှင့်ပတ်သက်၍ဈေးနှုန်း သတ်မှတ်ရာတွင် လက်ရှိဈေးနှုန်းနှင့် ရန်ကုန်မှ သတ်မှတ်ပေးထားသည့် ဈေးနှုန်းကွာခြား မှုမရှိစေရန် ဈေးနှုန်းညှိနှိုင်း အစည်းအဝေး တွင် ပြန်လည် တင်ပြပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တာဝန်ခံညွှန်ကြားရေးမှူးမှ ကုန်စည်ဒိုင်များသို့သွား ရောက်တဲ့အဝင်၊ အထွက်ကားလမ်းအား OSS အဖွဲ့နဲ့ ကုန်စည်ဒိုင်များ ပူးပေါင်း၍မြေပြင်ကွင်းဆင်း လေ့လာပြီး Layout Plan အနေအထား အရဆောင်ရွက် သင့်သည် ကို အသေးစိတ် ညှိနှိုင်း ဆောင်ရွက်ပေး မည်ဖြစ် ကြောင်း၊ အသီးယာဉ် များကို နံနက် ၉ နာရီ မတိုင်မီလေလံ ပွဲသို့ ရောက်ရှိစေရေးဦး စားပေးစေလွှတ်ပေးပြီး ၉ နာရီ နောက်ပိုင်းအခြား ကုန်တင်ယာဉ်များ နည်းတူ တန်းစီစောင့်ဆိုင်း စနစ်ဖြင့် စေလွှတ်ပေးလျက် ရှိကြောင်း ဦး စားပေး ကုန်အဖြစ် သတ်မှတ်ရန်မှာ ကုန်သည် လုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်များ အချင်းချင်းကြိုတင် ညှိနှိုင်းဆွေးနွေး ရမည်ဖြစ်ကြောင်း သဘောတူညီမှု ရပါက ဌာနများအနေနဲ့ အကောင်အထည် ဖော်ဆောင်ပေးရန် အခက်အခဲ မရှိကြောင်း ၊၂၀၁၄ ခုနှစ်နိုဝင် ဘာလ ၂၆ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ကုန်သည်လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်များ အနက်မှ မူဆယ်၁၀၅ မိုင်အဝင်အထွက်လမ်းများအား ၄ လမ်းသွားအဖြစ် တိုးချဲ့ဖောက်လုပ်နိုင်ရေးနှင့် မူဆယ် မြို့တွင်းသို့ မဝင်ဘဲ ကုန်တင်ယာဉ်များ ဝင်/ထွက် သွားလာနိုင်သည့် မြို့ရှောင် လမ်းအသစ်တစ်ခု ဖောက်လုပ် နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တရားဝင်စတင်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ JBTCCCအစည်းအဝေးဆုံးဖြတ်ချက်တွင် ပါဝင် သည့် ဆန်၊ ပြောင်းတင်ပို့ရောင်းချပြီး တရုတ်ကုန်သည်များမှ ငွေပေးချေခြင်းမရှိသည့် အတွက် နစ်နာလျက်ရှိသော မြန်မာ ကုန်သည်များ ကိစ္စအား မိမိဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်သည်လုပ်ငန်း ရှင်များ အနေနဲ့ မိမိ ဘက်တွင်ဈေး ကွက်ရရှိရေးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း၊ ဘုရားပန်းများ တင်သွင်းရာတွင် အပင်ပိုးမွှားကင်းရှင်းရေး ဦးစီးဌာနမှ ရောက်ရှိလာသည့် ကုန်ပစ္စည်း အပေါ်တွင် နမူနာရယူစစ်ဆေးပြီး ထောက်ခံချက်ပြုလုပ်ပေးနေကြောင်း၊ လိုင် စင်လျှောက်ရန် ကြိုတင်ထောက် ခံချက်ပေးရန် မလိုကြောင်း၊ မူဆယ်ထုတ်နုတ်အင်အား Mobile Team အဖွဲ့ အနေနဲ့ ဒုတိယသမ္မတလမ်းညွှန်ချက် အတိုင်း ဆောင်ရွက်နေရတဲ့အတွက် MobileTeam ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ငန်းဆောင်ရွက်မှု များကိုသိရှိနား လည် သဘောပေါက်စေ လိုကြောင်း၊ ဆိုင်ကယ် ဈေးနှုန်းနဲ့ ပတ်သက်၍နေပြည်တော် (ရုံးချုပ်) ရှိသွင်းကုန် လုပ်ငန်း ဌာနခွဲနဲ့ အကောက်ခွန် ဦးစီးဌာနတို့ ပူးပေါင်း၍ အနီးစပ်ဆုံးဈေးနှုန်းဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်းပြော ကြားခဲ့တယ် လို့သတင်း ရရှိ ပါတယ်။
ယဉ်ယဉ်အေး MIRT ( DCCA)