ဈေးကုန်များဖုံးအုပ်သယ်ဆောင်လာသော အကောက်ခွန်မဲ့ Refrigerant၊ Dali Beer ၊ ကြက်အူချောင်း၊ အစပ်ချောင်း---များ ကျပ်သိန်း ၂၀ဝ ကျော်ဖိုး သိမ်းဆည်းရမိ
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို ယာယီအခြေပြု Mobile Team အဖွဲ့ (လရ-၁) သည် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဈေးပတ် ကားများပေါ်မှ ကျပ် ၂၁၃ ဒသမ ၄၆၀ သိန်းတန်ဖိုးရှိ Refrigerant၊ Dali Beer၊ Jin Shun Hong Yan Beer၊ Tong Hua Shun Beer များ ၃၃၀ ပါကင်၊ Sprayခြင်ဆေး၊ ခြောက်ဆွဲခြောက်၊ ကြက်အူချောင်း၊ အစပ်ချောင်းနဲ့ အချိုမှုန့်များကို တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် လုပ်ထုံးလုပ်နည်းနဲ့ အညီ အကောက်ခွန်အမှုတွဲ (၆) ခုဖွင့်သိမ်းဆည်း ထားပြီးဖြစ်တယ်လို့ သတင်း ရရှိပါတယ်။အဆိုပါ အကောက်ခွန်မဲ့ ပစ္စည်းများအား မူဆယ်-မန္တလေးလမ်းကြောင်း အတိုင်းနောင်ပိန်မှ နောင်ချို ဈေးပတ်သို့ လာရောက်ရောင်းချတဲ့ ဈေးပတ် ကားများပေါ်မှာ ဈေးကုန်များဖုံးအုပ်၍ သယ်ဆောင်လာကြတာကိုသိမ်းဆည်းရ မိခဲ့တာလို့သိရပါ တယ်။
DCCA DCCA