စားသောက်ကုန်၊ အချိုရည်၊ အဝတ်အထည်၊ Beer နဲ့ လုပ်ငန်းသုံးပစ္စည်းများ ကျပ် ၈၇ သိန်းကျော်ဖိုး မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ စစ်ဆေးတွေ့ရှိ
မန္တလေး-မူဆယ် ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ နောင်ချို ယာယီအခြေပြု Mobile Team အဖွဲ့သည် ဇန်နဝါရီလ ၁၅ ရက်နေ့ ဝ၂ း ၃၀ ချိန်မှ ၁၆ ရက်နေ့၂၃ း ၅၀ ချိန်အတွင်း Center နဲ့ မှန်လုံယာဉ် ၆ စီးပေါ်မှကျပ် ၈၇ ဒသမ ၆၁၀ သိန်းတန်ဖိုးရှိ မှိုခြောက်၊ ကြက်သားမှုန့်၊ ဘီစကစ်၊ အချိုရည်၊ မဝတ်နဲ့ ကလေးဝတ်အင်္ကျီ၊ ရှပ်၊ ဘောင်းဘီ၊ Portable EVD Player ကြွက်သတ်ဆေး ၊ Jin Shenxang Yan Beer ၊ အမွှေးတိုင်၊ ငြမ်းကလစ်၊ လျှပ်စစ်စက်ဘီးရှေ့မီးသီး၊ Gearbox၊ LED မီးသီးများ၊ Bolt & Nut၊ Cleaning & Maintaing Tellary၊ Desktop Manual ၊ Paper Cutting Machine များနဲ့အတူ ဆက်သွယ်ရေးပစ္စည်း I.con၊ I.con Charger နဲ့ Antenna များကိုပါ သိမ်းဆည်းရမိ ခဲ့တယ်လို့ သတင်းရရှိပါတယ်။
DCCA DCCA