Alzheimer ဖြစ်ပွားမှုကို ကော်ဖီက တိုက်ဖျက်ပေးနိုင်
Alzheimer ရောဂါအတွက် ကုထုံးမရှိသေးသော်လည်း ကြိုတင်ကာကွယ်နိုင်မဲ့ သုတေသနပြုမှု များကိုတော့ အလေးထားလုပ်ဆောင်ကြပါ တယ်။ ရှေးယခင်ကတည်းကသုတေသနပြုချက်များအရ ကော်ဖီကိုအသင့်အတင့်သောက်သုံးပေးခြင်းဖြင့် Alzheimer ရောဂါ ဖြစ်ပွားမှုကို လျှော့ချ ပေးနိုင်ချေရှိကြောင်းဖာ်ထုတ်နိုင်ခဲ့ကြပါတယ်။ နယ်သာလင်နိုင်ငံ Exasmus Medical Centre Rotterdem rS Ar Framlkram နဲ့ အဖွဲ့သည် ကော်ဖီမှာ အဓိကပါဝင်တဲ့ ကွန်ပေါင်းများဖြစ်သော Cafferire နဲ့ Polyphrols များကို ခွဲခြမ်းစိတ်ဖြာ မှုပြုတဲ့အခါ Cafferire ဟာ ဦးနှောက်အတွင်း Amyloid များဖြစ်ပွားမှုနဲ့ Neurofibrulary အာရုံကြောဆိုင်ရာ ရှုပ်ထွေးနောက်ကျိမှုများကို ကာကွယ်ပေးရာမှာ အကူအညီပေးပါတယ်။ Cafferire နဲ့ Polyphrols များသည် ဦးနှောက်ဆဲလ်များ ပျက်စီးချွတ်ယွင်းမှုကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ဆဲလ်လို့ ဆိုရာမှာ အထူးသဖြင့် မှတ်ဉာဏ် မှတ်ထားမှုပိုင်းဆိုင်ရာ Hippocampus နဲ့ Cortex များချွတ်ယွင်းမှုကို တားဆီးပေးတာဖြစ်ပါ တယ်။ လေ့လာရေးအဖွဲ့ခေါင်းဆောင်ကတော့ကော်ဖီကို ပုံမှန်အသင့်အတင့်သောက်သုံးပေးခြင်းအားဖြင့် လူ့သက်တမ်း တစ်လျှောက်မှာ Alzheimer ဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ကြောင်း အကြုံပြုပြောကြားခဲ့ပြီး တစ်နေ့ကို အများဆုံးကော်ဖီ ၃ ခွက် မှ ၅ ခွက်ထိ သောက်သုံးပေးခြင်းဖြင့် Alzheimer ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ မှတ်ချက်ပြု လိုက်ပါတယ်။
ရှင်ပါဂူ