တစ်ဖက်နိုင်ငံကုန်သည်များနဲ့ အရောင်းအဝယ်ဆောင်ရွက်ရာမှာ ကိုယ်ရေးအချက်အလက်များ သိရှိအောင်ဆောင်ရွက်ထားရန်လို

 

တရုတ်နိုင်ငံရှိ တရုတ်ကုန်သည်များထံမှ ရရန်ရှိသော ပြောင်း၊ ဆန်ကြွေးကျန်များနဲ့ စပ်လျဉ်းပြီး ဇန်နဝါရီ လလည်ပိုင်းက ကုန်သည် တစ်ဦးချင်းစီအား ခေါ်ယူတွေ့ဆုံပြီး တရုတ်ကုန်သည်များထံမှ ကြွေးကျန်စာရင်းများကို ပြုစုကာ တစ်ဖက်နိုင်ငံ မိန်းတိန်မြို့ ပြည်ပ ဆက်ဆံရေး ဌာနတာဝန်ခံနဲ့ ဆက်သွယ်ပြီး ကုန်ဖိုးငွေကြွေးကျန်များ ပြန်လည်ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးထားတယ်လို့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတာဝန်ခံက ဒီဇင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ အသိပေး ပြောကြားခဲ့ပါ တယ်။  နောင်မှာ ကုန်သည်များအနေနဲ့ တစ်ဖက်နိုင်ငံကုန်သည်များနဲ့ အရောင်းအဝယ်ဆောင်ရွက်ရာမှာ တစ်ဖက်နိုင်ငံကုန်သည်များရဲ့ ကိုယ်ရေး အချက်အလက်များ သိရှိအောင်ဆောင်ရွက် ထားရန်လိုကြောင်း၊ သို့မှသာ ဆုံးရှုံးနစ်နာမှုနဲ့ ကြုံတွေ့တဲ့အခါ အချက်အလက်ခိုင်ခိုင် မာမာနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ညှိနှိုင်းတောင်းခံ နိုင်ရေး အဆင်ပြေနိုင်မယ်ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်ကုမ္ပဏီများအား အသိပေးရှင်းလင်းပြောကြားခဲ့ တယ်လို့ သတင်းရရှိပါတယ်။ 

                                                                                                                                                                 MIRT (DCCA)