အနီးစပ်ဆုံးကာလထက် လယ်ယာထွက်ကုန် ပိုမိုဆောင်ရွက်နိုင်ခဲ့တဲ့ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း

 

          မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၄ ရက်မှ  ၃၀ ရက်ထိ ကာလအတွင်း  ပို့ကုန်ကန်ဒေါ်လာသုည ဒသမ ဝ၇၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ကန်ဒေါ်လာသုည ဒသမ ဝ၄၀ သန်းဖိုးတင်ပို့နိုင်ခဲ့သဖြင့် ယခုတစ်ပတ်မှာတော့  ပို့ကုန်ကန်ဒေါ်လာ  သုည ဒသမ ဝ၃၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

          ယခုသီတင်းပတ်မှာ လယ်ယာထွက်ကုန် ၂၃၆ တန် ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ဝ၄၀ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်မှာတော့ လယ်ယာထွက်ကုန် ၂၀၆ တန်၊ တန်ဖိုးကန်ဒေါ်လာ  သုည ဒသမ ဝ၂၆ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုသီတင်းပတ်မှာ လယ်ယာထွက်ကုန် သုည ဒသမ ဝ၁၄ သန်းဖိုး  ပိုမိုဆောင်ရွက်နိုင်ခဲ့တာတွေ့ရပါတယ်။

          အများဆုံးတင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကတော့ နနွင်းတက်  ၁၅ တန်ကျော်၊ မန်ကျည်းစေ့ ၂၀၈ တန်၊ မန်ကျည်းဖတ် ၂၅ တန်နဲ့ ဆီးသီးခြောက် ၁၀ တန်တို့ဖြစ်ကြပါတယ်။

          စက်မှုကုန်ချောပစ္စည်းအုပ်စုမှ ဆီးယိုထုတ် ၄၉ တန်လည်းတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

                                                                                                                                                တင်တင်ထွန်း MIRT (DCCA)