ရော်ဘာဈေးကျသလို တင်ပို့မှုလည်းလျော့ကျ
၂၀၁၅ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်မှာ မြန်မာ-တရုတ်နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်စခန်းတို့မှ ကန်ဒေါ်လာ ၁ ဒသမ ဝ၁၄ သန်းဖိုးရှိ ရော်ဘာ ၇၃၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၉၅၃ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၁၄ တန် လျော့နည်းခဲ့ပါတယ်။ တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင်မှ RSS-3 ၅၂၉ တန်ကျော်နဲ့ ချင်းရွှေဟော်မှ MSR-20 တန် ၂၁၀ ဖြစ်ပါတယ်။
ဇန်နဝါရီလတစ်လလုံးမှာ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ ၄ ဒသမ ဝ၂၅ သန်းဖိုးရှိ ရော်ဘာ ၂၉၁၅ တန် တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံး ဒီဇင်ဘာလက ၇၅၃၃ တန်တင်ပို့ခဲ့လို့ ယခုလမှာ ၄၆၁၈ တန် လျော့နည်းသွားတာတွေ့ရပါတယ်။ ယခင်လက တင်ပို့မှုရှိခဲ့တဲ့ တာချီလိတ်၊ မြိတ်နဲ့ လွယ်ဂျယ်စခန်းများမှ ယခုလမှာ တင်ပို့မှုမရှိခဲ့တဲ့အတွက်လည်း အပို့ကျခဲ့ပါတယ်။
ယခုတစ်ပတ်မှာ ရော်ဘာတင်ပို့မှုလျော့ကျသလို ရော်ဘာဈေးလည်းကျဆင်းသွားကြောင်း မူဆယ် ကုန်စည်ဒိုင်မှ သိရှိရပါတယ်။ ယခုတစ်ပတ်နဲ့ ယခင်တစ်ပတ်ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-
မိမိဘက် ကျပ်/တန် တစ်ဘက်နိုင်ငံ ဒေါ်လာ/တန် ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း
RSS 3 ၁၄၆၇၄၅၉ ၁၄၇၂၂၈၆ ၄၈၂၇ ဝ.၃၃ ၁၄၄၀ ၁၄၄၆ ၆ ဝ.၄၂
ယဉ်ယဉ်အေး MIRT (DCCA)