နနွင်းတက်တင်ပို့မှု ပိုမို
၂၀၁၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၃၅၄၈ တန်ဖိုးရှိ နနွင်းတက် ၄၁ တန်၊ မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၂၄၇၉၇ တန်ဖိုးရှိ နနွင်းတက် ၁၅ တန်ခွဲတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မြဝတီကုန်သွယ်ရေးဇုန်မှ ၆ တန်ခွဲနဲ့ စစ်တွေစခန်းမှ ၈ တန်သာတင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်ရဲ့ နနွင်းတက်တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ စစ်တွေနဲ့ တမူးစခန်း ပေါင်းစုံကနေ နနွင်းတက် ၁၆၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ မော်မော်အောင် MIRT (DCCA)