ပြောင်းတင်ပို့မှု လျော့ကျ
၂၀၁၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးသီတင်းပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း တို့မှ ကန်ဒေါ်လာ ၈ ဒသမ ၇၄၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၃၁၂၂၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်စခန်း ၃ ခုမှ ပြောင်း ၃၆၅၅၂ တန်ကျော်ထိ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းတင်ပို့မှု ၅၃၂၆ တန်ကျော် လျော့နည်း သွားခဲ့ပါတယ်။ ယခုသီတင်းပတ်မှာ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးစခန်းက ပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မူဆယ် ကုန်စည်ဒိုင်မှာတော့ ပြောင်းတစ်တန်ရဲ့ မိမိဘက်ဈေးဟာ ယခုတစ်ပတ်မှာ ၂၇၇၂၉၅ ကျပ်ရှိပြီး ယခင်တစ်ပတ်က ၂၇၈၂၀၇ ကျပ်ရှိတာမို့ ပြောင်းဈေးလည်း အနည်းငယ်လျော့ကျသွားတာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်ဘက်က ဝယ်လက် ပုံမှန်ရှိပေမဲ့ဈေးကွက်ကိုပစ္စည်းအဝင်လှိုင်တာကြောင့် ဈေးကျဆင်းနေရတာဖြစ်ပါတယ်။ ဇန်နဝါရီလ တစ်လလုံး တရုတ်နယ်စပ်မှ ပြောင်းတန်ချိန်၁၂၁၃၄၃တန်ကျော်တင်ပို့နိုင်ခဲ့လို့သိရပါတယ်။ မော်မော်အောင် MIRT (DCCA)