ပရဆေးကုန်ကြမ်းအမယ်စုံ တင်ပို့

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကန်ဒေါ်လာ ၁ ဒသမ ၁၄၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၂၀ တန်ခွဲကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ ပရဆေးကုန်ကြမ်းအမယ်တွေကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ) ၊ သီဟိုစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ နေလဲစေ့၊ တောဂျင်း၊ တောဂျူးမြစ်၊ နနွင်းတက်၊ ဝဥခြောက်၊ မာလာဥ၊ စကားပန်းပွင့်ခြောက်၊ ကွမ်းသီးခွံ၊ နာနတ်လျှော်၊ တမာဆီ၊ ဆီးဆံနဲ့ ဆီးသီးခြောက် တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပရဆေးကုန်ကြမ်းတွေကို တရုတ်နိုင်ငံမှာ လိုအပ်သလို အသုံးပြုကြရာ တရုတ်တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာမှာလည်းကောင်း၊ ဟင်းခတ်အမွှေးအကြိုင်ပြုလုပ်ရာမှာလည်းကောင်း၊ အဖျော်ယမကာနဲ့အရက်ချက် လုပ်ငန်းများတွင်လည်းကောင်း၊ ဓာတ်မြေဩဇာနဲ့ စက်သုံးဆီထုတ်လုပ်ရာတွင်လည်းကောင်း အသီးသီး ထည့်သွင်း အသုံးပြုကြတယ်လို့ သိရပါတယ်။                                                                                                                                                                                                       မော်မော်အောင် MIRT (DCCA)