ကော့သောင်းနယ်စပ်မှ သီဟိုစေ့တင်ပို့မှုတွင် ဒုတိယများဆုံးတင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း သီဟိုစေ့ တင်ပို့မှုမှာ တန်ချိန် ၁၇ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၁၃၅ သန်းရှိ၍ ဒုတိယနေရာ ရှိနေပါတယ်။
ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအတွင်း သီဟိုစေ့ တင်ပို့မှုများမှာ တန်ချိန် ၂၁၆ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၆၁၉ သန်းရှိပြီး လအလိုက် တင်ပို့မှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
ကန်ဒေါ်လာသန်း
လအမည် တန်ချိန် တန်ဖိုး
ဧပြီ ၃၂.၈၀ဝ ဝ.၂၄၉
မေ ၁၂.၈၀ဝ ဝ.ဝ၉၇
ဇွန် ၁၆.၅၀ဝ ဝ.၁၂၅
ဇူလိုင် ၁၃.၃၂၀ ဝ.၁၀၁
ဩဂုတ် ၅.၁၈၀ ဝ.၂၆၇
စက်တင်ဘာ ၃၃.၄၂၀ ဝ.၂၅၄
အောက်တိုဘာ ၉.၁၀ဝ ဝ.ဝ၆၉
နိုဝင်ဘာ ၁၉.၂၀ဝ ဝ.၁၂၀
ဒီဇင်ဘာ ၂၆.၆၀ဝ ဝ.၂၀၂
ဇန်နဝါရီ ၁၇.၇၀ဝ ဝ.၁၃၅
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအတွင်း ဩဂုတ်လတွင် အများဆုံး တင်ပို့ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)