ကော့သောင်းနယ်စပ်နဲ့ မြိတ်နယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့နိုင်

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်စခန်းများ ဖြစ်သော မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများက ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၈၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၃၈၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၅၁၅ တန်နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းများအလိုက် လုပ်ငန်း ဆောင်ရွက်မှုများမှာ မြဝတီကုန်သွယ်ရေုးဇုန် အနေနဲ့ ကန်ဒေါ်လာ သုည ဒသမ ဝ၉၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၅၁ တန်ကျော်၊ ကဏန်း ၆ တန်ကျော်နဲ့ ပုစွန် ၂ တန်ကျော်တင်ပို့ ခဲ့သဖြင့် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက တန် ၈၀ နီးပါး လျော့နည်းခဲ့ပါတယ်။ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ သုည ဒသမ ၈၁၀ သန်းတန်ဖိုးရှိ  ငါးမျိုးစုံ ၈၉၈ တန်ကျော်၊ ပုစွန် ၇ တန်ကျော်၊ ကင်းမွန်  ၁၃ တန်ကျော်၊ ပင်လယ်ငါးရှဉ့် ၅ တန်ကျော်နဲ့ ရေဘဝဲ ၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၉၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၃၉၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၅၂ တန်ကျော်၊ ရေငန်ပုစွန် ၈၃ တန်ကျော်၊ ကင်းမွန် ၃၇ တန်ကျော်၊ ငါးအသားလွှာ ၄၈ တန်၊ ငါးမှုန့် တန် ၈၃၀ ၊ ပုစွန်ခြောက်  ၂ တန်ကျော်၊ ကဏန်းနီ ၁၈ တန်၊ ကဏန်းပျော့ ၂၃ တန်ကျော်၊ ပုစွန် ၂ တန်ကျော်နဲ့ သဲကဏန်း အနည်းငယ်တင်ပို့နိုင်ခဲ့သဖြင့် ယခင် သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၁၉၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

 

                                                                                                                                            ခင်မြနွယ် MIRT (DCCA)