နယ်စပ်စခန်းများက ရော်ဘာတန် ၈၀ဝ ကျော်တင်ပို့
မြန်မာရော်ဘာကိုနယ်စပ်စခန်များမှ တင်ပို့ရာတွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းများမှ အများဆုံးတင်ပို့လျက်ရှိပြီး၊ တာချီလိတ်နဲ့ မြိတ်စခန်း များမှလည်း တင်ပို့မှုရှိပါတယ်။ ဖေဖော်ဝါရီလပထမပတ်မှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၁၀၉ သန်းဖိုးရှိ ရော်ဘာ ၈၁၉ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ဝ၀၅ သန်းဖိုးရှိ ရော်ဘာ ၇၂၉ တန်ကျော် တင်ပို့ခဲ့ပြီး အဆင့်လိုက်တင်ပို့မှုများမှာ RSS-3 ၅၂၈ တန်ကျော်၊ MSR -20 ၁၃၄တန်ကျော်နဲ့ MSR -20 ၆၇ တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၂၀ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၄ သန်းဖိုးရှိ MSR -50 တန် ၉၀ တင်ပို့ခဲ့ပြီး ယခင် သီတင်းပတ်ထက် တန် ၁၂၀ လျော့နည်းခဲ့ပါတယ်။
ယခုသီတင်းပတ်မှာ ရော်ဘာဈေးများဆက်လက်ကျဆင်းလာကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရှိ ရပါတယ်။ ကုန်စည်ဒိုင်မှ ယခုတစ်ပတ်ပေါက်ဈေးများကို ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
မိမိဘက် ကျပ်/တန် တစ်ဘက်နိုင်ငံ ဒေါ်လာ/တန်
ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း
RSS-3 ၁၄၂၄၁၁၅ ၁၄၆၇၄၅၉ ၄၃၃၄၄ ၃ ၁၃၉၄ ၁၄၄၀ ၄၆ ၃
ယဉ်ယဉ်အေး MIRT (DCCA)