ကုန်ကြမ်းအပေါ် စည်းကြပ်တဲ့ မြင့်မားတဲ့ သွင်းကုန်ခွန်ကြောင့် အသေးစား ရော်ဘာလုပ်ငန်းများထိခိုက်

 

          AIRIA (All India Rubber Industries Association)  ရဲ့ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံဟာ ရော်ဘာစိမ်းရော Synthetic rubber ထွက်ရှိမှု ထုတ်လုပ်မှု မလုံလောက်တဲ့ အတွက် ပြည်ပမှ ကုန်ကြမ်းများကို မဖြစ်မနေ တင်သွင်းရလျက် ရှိပါတယ်။ ကုန်ကြမ်း တင်သွင်းမှုအပေါ် စည်းကြပ်ခွန်မြင့်မားပြီး ကုန်ချော တင်သွင်းမှုအပေါ် စည်းကြပ်ခွန်နိမ့်နေတဲ့ အတွက် ပြည်တွင်းရော်ဘာ ကုန်ချောထုတ်လုပ်သူများ အနေနဲ့ ပြည်ပက တင်သွင်းတဲ့ ကုန်ချောများရဲ့ဈေးကို မယှဉ်နိုင်ဖြစ်နေကြရ ပါတယ်။ ရော်ဘာလုပ်ငန်းများ အသင်း ကတော့ ရော်ဘာ စိုက်ပျိုးသူများကို ထောက်ပံ့ပေးနေသော်လည်း ဗဟိုနဲ့ ပြည်နယ် အစိုးရတို့ရဲ့ ပံ့ပိုးမှုများ ကိုလည်း ရယူလိုတယ်လို့သိရပါတယ်။

          ရော်ဘာလုပ်ငန်းများအပေါ် အခွန်များပိုမို စည်းကြပ်နေခြင်းဟာ ပြည်ပမှ ကုန်ချောများတင်သွင်းမှုကို အားပေးရာရောက်စေကြောင်း၊ ဥပမာ တရုတ်နိုင်ငံထုတ် ပစ္စည်းများဟာ ပြည်တွင်းထုတ်ရော်ဘာပစ္စည်းများထက် ဈေးပိုမိုသက်သာတယ်လို့ AIRIA မှ ဥက Mohinder Gupta  ကပြောပါတယ်။

  ကုန်ကြမ်းအပေါ် မြင့်မားတဲ့ အခွန်စည်းကြပ် ပြီးပြည်ပမှ ဝင်လာတဲ့ သွင်းကုန်အပေါ် စည်းကြပ်တဲ့ အခွန်နည်းနေတဲ့အတွက် ပြည်တွင်းရော်ဘာ ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်များစွာ (၆၀ဝ၀ ခန့်)ကိုထိခိုက်စေလျက်ရှိတယ်လို့ AIRIA ဥက္ကဋ္ဌ Mohinder Gupta ပြောကြား လိုက်ပါတယ်။

          ယခုလို စည်းကြပ်ခွန်နှုန်း အနည်းအများ ကွာဟမှုကြောင့် ဈေးကွက်ယှဉ်ပြိုင်မှု ကိုများစွာ သက်ရောက်ပြီး ပြည်တွင်းလုပ်ငန်းရှင်များကို ထိခိုက်စေတယ်လို့လည်း ပြောကြားနေကြပါတယ်။

       

                                                                        CMK