မူဆယ်တွင် နှမ်းတင်ပို့မှု ပိုမိုပြီး ချင်းရွှေဟော်တွင်နှမ်းတင်ပို့မှုလျော့
၂၀၁၅ ခုနှစ် မတ်လ ပထမပတ်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် နဲ့ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၅၁၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၈၈၀ တန်ခွဲ တင်ပို့ခဲ့ရာ ယခင်သီတင်းပတ် က မူဆယ် မှ ၁၉၇ တန်၊ ချင်းရွှေဟော် မှ ၁၁၇၆ တန် တင်ပို့ခဲ့တာဖြစ်လို့ ယခုတစ်ပတ်ရဲ့ နှမ်းရောင်စုံ တင်ပို့မှုကတော့ မူဆယ် မှ ပိုမိုခဲ့ပြီး ချင်းရွှေဟော် မှ နှမ်းတင်ပို့မှု လျော့ကျသွားတာ တွေ့ရပါတယ်။မူဆယ် ကုန်စည်ဒိုင်မှာတော့ ယခင်တစ်ပတ်က နှမ်းဖြူတစ်တန် ၂၀၇၈၁၉၂ ကျပ် ၊နှမ်းနက် တစ်တန် ၂၁၆၁၁၁၁ ကျပ် ရှိရာမှ ယခု တစ်ပတ်မှာ နှမ်းဖြူဈေး ၁၇၃၅၀ဝ၈ ကျပ်နဲ့ နှမ်းနက်ဈေး ၁၈၉၉၇၅၃ ကျပ်သို့ ကျဆင်း သွားခဲ့ပါတယ်။ယခုတစ်ပတ်ရဲ့နှမ်းရောင်စုံတင်ပို့မှုကို စခန်းအလိုက်ဖော်ပြပေးလိုက်ပါတယ်-
တန်ချိန်-ကိန်းပြည့်
နှမ်းအမျိုးအစား မူဆယ် ချင်းရွှေဟော်
နှမ်းဖြူ ၁၉၈.၆ ၁၄၇
နှမ်းနက် ၄၅၅.၈ ၂၉
နှမ်းညို ၅၀.ဝ -
မော်မော်အောငfMIRT (DCCA)