၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်ထိကာလအတွင်း Mobile Team မှ ကျပ်သန်း ၂၉၆၃၃ ကျော်ဖိုး အမှုတွဲဖွင့်လှစ်နိုင်

 

       တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့  Mobile Team လုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။ ဗဟိုကော်မတီရဲ့ ကြီးကြပ်ထုတ်နုတ်အင်အား Mobile Team ရဲ့ အမှုတွဲဖွင့်လှစ် ရရှိမှုပေါင်းမှာ ၅၀ဝ၆ ခုရှိပြီး  ခန့်မှန်းတန်ဖိုးမှာ ကျပ်၂၉၆၃၃ ဒသမ ၂၄၄သန်း ရှိပြီလို့သိရပါတယ်၊ မူဆယ်-မန္တလေး လမ်းကြောင်းမှာ ၁၂၉၂ မှု၊ မြဝတီ- ရန်ကုန်လမ်းကြောင်းမှာ   ၁၆၃၂ မှု ၊ မူဆယ် ထုတ်နုတ်အင်အား ၁၈၄၇ မှု၊ တမူးထုတ်နုတ်အင်အား ၂၀ မှု၊ တာချီလိတ်ထုတ်နုတ်အင်အား ၁၉၄ မှု၊ ကန်ပိုက်တီး  OSS အင်အား ၂ မှု၊ မူဆယ်  OSS အင်အား ၄ မှုနဲ့ ကျိုင်းတုံ ထုတ်နုတ်အင်အား ၁၆ မှုအသီးသီးအမှုတွဲဖွင့်လှစ်ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

                                                                                        DCCA  DCCA