Pajero ယာဉ်ပေါ်က တရားမဝင် အမဲသားခြောက်နဲ့ တမလန်းလို့ ယူဆရတဲ့သစ်တုံးများ
တရားမဝင် ပစ္စည်းများ တင်ဆောင်လာသောယာဉ် ၂ စီး ရှောင်ကွင်းလမ်းအတွင်း ဖြတ်သန်းမောင်းနှင် သွားကြောင်း လာရောက် သတင်းပေးတိုင်ကြားချက်အရ Mobile Team နောင်ချိုအဖွဲ့မှ လိုက်လံပိတ်ဆို့တားဆီးခဲ့ရာ ဂုတ်တွင်းမရောက်မီ ယခင်မူးယစ် ဂိတ်ဟောင်း အနီးမှာ Pajero ၂ စီးအား တားဆီး၍ လရ-၁ ယာယီ အခြေပြုရာသို့ မောင်းနှင်ခေါ်ဆောင်ပြီး အသေးစိတ် စစ်ဆေးခဲ့ပါတယ်။ ယာဉ်များအား စစ်ဆေးနေစဉ် ယာဉ်မောင်း နှစ်ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် တားဆီးရမိ Pajero၂ စီးနဲ့ အတူ ယာဉ်ပေါ်မှ တရားမဝင်တင်ဆောင်လာတဲ့ အမဲသားခြောက်များနဲ့ တမလန်းလို့ ယူဆရသော သစ်တုံး ၂၁ တုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
သိမ်းဆည်းရမိ ပစ္စည်းများကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများနဲ့ အညီ အကောက်ခွန်အမှုတွဲများ ဖွင့်လှစ်ပြီး အမဲသားခြောက်များကို မြို့နယ်စည်ပင်သို့လည်းကောင်း၊ တမလန်းဟု ယူဆရသော သစ်တုံးများကို မြို့နယ် သစ်တောဦးစီးဌာနသို့ လည်းကောင်း၊ တရားမဝင် ပစ္စည်းများ တင်ဆောင်လာသော Pajero ယာဉ် ၂ စီးကို အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံရန် စီစဉ်ထားတယ်လို့ သတင်းရရှိပါတယ် တမလန်းခွဲသား ၃၅ ချောင်း ( သုည ဒသမ ၂၃၇၂ တန်)ရဲ့ ခန့်မှန်းတန်ဖိုးမှာ ၁၁၈၆၀ဝ၀ ကျပ်ဖြစ်တယ်လို့ သိရပါ တယ်။
DCCA DCCA