အနီးစပ်ဆုံးကာလနှင့်ရော ယမန်နှစ်ကာလတူထက်ပါကုန်သွယ်မှုပိုမိုတဲ့ တမူးနယ်စပ်

 

          တမူးနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဖေဖော်ဝါရီလတွင် ပို့ကုန် ကန်ဒေါ်လာ ၂ ဒသမ ၃၉၇ သန်း သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၉၁၀ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၃၀၇ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၃၁၅ သန်းခန့်၊ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၁၅၀ သန်းခန့် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယင်းသို့ပိုမိုရခြင်းမှာ တမူးနယ်စပ်ရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ကွမ်းသီးနဲ့ စီးကရက်တင်ပို့မှု ပိုမိုလာခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။တမူးနယ်စပ်တွင် ဖေဖော်ဝါရီလအတွင်း ITC ကတ်အသစ် ထုတ်ပေးနိုင်မှုမရှိသော်လည်း ITC နဲ့လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် သွင်းကုန် ကျပ်သန်းပေါင်း ၅၀ ဒသမ ၈၂၈ သန်း ဆောင်ရွက် နိုင်တယ်လို့ သိရပါတယ်။  ITC  ကတ်နဲ့တင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းများကတော့ ချည်ခင်၊ နိုင်လွန်ချည်၊ ရွှေရည်စိမ် လက်ကောက်၊ ပလတ်စတစ်လက်ကောက်၊ ဖန်စီပစ္စည်းမျိုးစုံနဲ့ ဖိနပ်မျိုးစုံတို့ တင်သွင်းနိုင်ခဲ့ပါတယ်။

       

                                                                    ခင်မိုးသူ MIRT (DCCA)