မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ရက် ၂၀ အတွင်း ငါးမှုန့် ၈၅၅ တန်တင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက မတ်လ ၁ ရက်မှ ၂၀ ရက်အတွင်း ကနု်ဒေါ်လာ သုည ဒသမ ၆၈၂ သန်းတန်ဖိုးရှိ ငါးမှုန့် ၈၅၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဖြစ်သော ဧပြီလမှ ဖေဖော်ဝါရီလအတွင်းမှာ ငါးမှုန့် တန်ချိန် ၁၇၂၈၆ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁၀ ဒသမ ၄၅၆ သန်းတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
ခင်မြနွယ် MIRT (DCCA)