မြဝတီကုန်သွယ်ရေးဇုန်တွင် ဧပြီလ(၁)ရက်နေ့မှ စတင်၍ Weigh Bridge နှင့် X-Ray Machine အသုံးပြုတော့မည်

 

          မြဝတီကုန်သွယ်ရေးဇုန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစီအစဉ်နှင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက တည်ဆောက်ခဲ့သော Weigh Bridge မှာ ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ချိန်တွယ်မှုလုပ်ငန်းများစတင်တော့မည်ဟု သတင်းရရှိသည်။

          ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေမှစ၍ Duty ဆောင်သောကားတိုင်း ကတ္တားတွင်ချိန်တွယ်ရမည်ဖြစ်ပါသည်။ ချိန်တွယ်ခနှုန်းထားများကို မတ်လ ၃ ရက်နေ့က ပြုလုပ်သော ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး မှ သဘောတူ ဆုံးဖြတ်ထားသော အောက်ဖော်ပြပါနှုန်းထားများအတိုင်း ကောက်ခံဆောင်ရွက်သွားမည်ဟု သိရသည်-

        ယာဉ်+ကုန်အလေးချိန်              ကောက်ခံမည့်နှုန်း

                (တန်)                              ကျပ်

          ၁၀        ထိ                                           ၁၀ဝဝ

          ၁၁ မှ ၂၀ ထိ                                         ၁၅၀ဝ

          ၂၁ မှ ၃၀ ထိ                                         ၂၀ဝဝ

          ၃၁ မှ ၅၀ ထိ                                         ၂၅၀ဝ

          ၅၀  အထက်                                          ၃၀ဝဝ

          Weigh Bridge မှ ကုန်စစ်စင်သို့ သွားရန်လမ်းအား မကြာမီ ဖောက်လုပ်တော့မှာ ဖြစ်တဲ့အတွက် ကုန်တင်ယာဉ်အနေနဲ့ ကတ္တားတက်ပြီး နောက်ပြန်ဆုတ်ပြီးမှ ကုန်စစ်စင်သို့ သွားရောက်ရမှာ ဖြစ်ရာ အခက်အခဲအနည်းငယ်တော့ရှိနိုင်ကြောင်းနဲ့ လမ်းပြီးသွားပါက အဆင်ပြေသွားမှာဖြစ်ကြောင်း စခန်းတာဝန်ခံက မတ်လ ၂၁ ရက် ၁၃းဝ၀ ချိန်က ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ Weigh Bridge နဲ့စပ်လျဉ်းပြီး အသိပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

          အကောက်ခွန်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးကလည်း X-ray machine ကို၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်လည်ပတ်တော့မည်ဖြစ်ကြောင်းနဲ့  X-ray စက်နဲ့ စတင်စစ်ဆေးစဉ် တင်ဆောင်လာသော ပစ္စည်းအပို/အလွဲများကို ဧပြီလ ၁၀ ရက်နေ့ထိ ပညာပေးကာလအဖြစ်သတ်မှတ်ပေးထားပြီး ပြန်လည် ဂျူတီဆောင်ခွင့်ပြုပေးမည်ဖြစ်သော်လည်း ဧပြီလ ၁၀ ရက်နောက်ပိုင်း အပို/အလွဲများအား အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၊ အပို/အလွဲများအား ရာခိုင်နှုန်းအလိုက် AV တန်ဖိုးသတ်မှတ်သွားမှာ        ဖြစ်ကြောင်း၊ X-ray ချိန်တွယ်ရန် ဝင်ရောက်လာသော ကားများ၏အမြင့်ပေ ၄၀ ထိသာ ဝင်ရောက် နိုင်မည်ဖြစ်ကြောင်း၊ တစ်နာရီကို အလုံး ၄၀ဝ ခန့် စစ်ဆေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များသိရှိထားရန်မှာ ကားပေါ်မှ တင်ဆောင်လာသောပစ္စည်းများကို ကြေညာပြီးမှ အခွန်ဆောင်ရမှာဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

                                                                                MIRT (DCCA )