ယခုသီတင်းပတ်မှာ မလေးရှားသို့သာ ရော်ဘာတန် ၉၀ဝ ကျော် ပင်လယ်ရေကြောင်းမှတင်ပို့မှုရှိ
မတ်လ ၁၅ ရက်မှ ၂၁ ရက်နေ့ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှု မှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၈ သန်း တန်ဖိုးရှိ မြန်မာ့ရော်ဘာအဆင့်စုံ တန် ၉၂၀ ကျော်ကို မလေးရှားတစ်နိုင်ငံတည်းကို တင်ပို့ခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက်တင်ပို့မှုတွေကတော့ RSS-3 ကို တန် ၆၁၀၊ MSR 20 ကို တန် ၂၅၀ ကျော်၊ MSR 50 ကို တန်၆၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ စင်ကာပူနဲ့ ပါကစ္စတန် နိုင်ငံတွေကိုတော့ ယခုတစ်ပတ်မှာ တင်ပို့မှုမရှိခဲ့ပါဘူး၊ ယခုအချိန်ဟာ ရာသီဥတုပူပြင်းပြီး အရွက်ကြွေတဲ့ အချိန်လည်းဖြစ်လို့ အစေးထွက်ရှိမှု ယခင်ကထက် လျော့ကျနေပါတယ်။ပြည်တွင်း ရော်ဘာဈေးကတော့မတ်လ ၂၅ ရက်နေ့ထိမှာ RSS-3 တစ်ပေါင် ကို ၅၇၀ မှ ၅၈၅ ကျပ်ဝန်းကျင်ရှိပါတယ်။
နိုင်ငံတကာ ရော်ဘာဈေးများကတော့ ယခုတစ်ပတ်မှာ အပြောင်းအလဲသိပ်မရှိပါဘူး။ ဒါ့ကြောင့် ပြည်ပပို့မဲ့ရော်ဘာFOB ဈေးကိုလည်း ယခင်တစ်ပတ်အတိုင်း မပြောင်းလဲဘဲ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန်ခဲ့ပါတယ်-
RSS 1 တစ်တန်လျှင် ဒေါ်လာ ၁၄၀ဝ-၁၅၀ဝ
RSS 2 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀
RSS 3 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
RSS 4 တစ်တန်လျှင် ဒေါ်လာ ၁၂၅၀-၁၃၅၀
RSS 5 တစ်တန်လျှင် ဒေါ်လာ ၁၂၀ဝ-၁၃၀ဝ
MSR 10 တစ်တန်လျှင် ဒေါ်လာ ၁၃၀ဝ-၁၄၀ဝ
MSR 20 တစ်တန်လျှင် ဒေါ်လာ ၁၂၅၀-၁၃၅၀
MSR 50 တစ်တန်လျှင် ဒေါ်လာ ၁၁၅၀-၁၂၅၀
Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၁၁၀ဝ-၁၂၀ဝ
ယဉ်ယဉ်အေး MIRT (DCCA)