ကမ္ဘာ့ဈေးကွက်မှာ လက်ဖက်အဝင်နည်းသဖြင့် အိန္ဒိယလက်ဖက်ဈေးမြင့်တက်ဖွယ်ရှိ

 

          ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာ့လက်ဖက်ထွက်ရှိမှု ပမာဏဟာ ကီလိုဂရမ် ၈ သန်းကျော်ကျဆင်းခဲ့ခြင်း သည် အိန္ဒိယလက်ဖက်ဈေးအား ဆွဲတင်လိုက်သကဲ့သို့ ဖြစ်နေတယ်လို့ လက်ဖက်ကုန်သည်များက ပြောကြား လိုက်ပါတယ်။

   အိန္ဒိယမှာ ယခုလက်ဖက်ကုန်သွယ်နေတဲ့ ဈေးဟာ ယခင်နှစ်ပျမ်းမျှရဲ့ အထက်မှာရှိနေပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ လက်ဖက်ဦးဆောင်ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ်ပျမ်းမျှထုတ်လုပ်မှု ပမာဏဟာ ကီလိုဂရမ် ၁၁၀ဝ မှ ၁၂၀ဝ သန်းခန့်ထိရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ လက်ဖက်အဓိကထုတ်လုပ်တဲ့နိုင်ငံများဟာ ထုတ်လုပ်မှု အပိုင်းမှာ- အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရပါတယ်။ Kenyan ထုတ်လုပ်မှုဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ ကီလိုဂရမ်  ၃ ဒသမ ၃၇ သန်းလျော့နည်းခဲ့ပြီး ဖေဖော်ဝါရီလနဲ့ မတ်လများမှာလည်း ဆက်လက် လျော့နည်းမဲ့ အရိပ်အယောင် ရှိနေပါတယ်။ Global Tea Brokers  ဥက္ကဠ N. Sriram က အိန္ဒိယရဲ့ ဘဏ္ဍာနှစ် ကုန်ပိုင်းမှာ  အရောင်းကျတာ မဟုတ်ဘဲ ပုံမှန်အတိုင်း ဝယ်သူများရဲ့ အဝယ်က လျှော့ချဝယ်ယူတဲ့အတွက်သာ ပမာဏနည်းခြင်းဖြစ်တယ်လို့ ပြောပါတယ်။ မတ်လနောက်ပိုင်းမှာ အဝယ်ပြန်တက်လေ့ရှိတယ်လို့ ဖြည့်စွက် ပြောကြားပါတယ်။

          United Planters Association of  Southern India ( UPASI ) မှ ကုန်ပစ္စည်းများဌာန ဌာနအကြီးအကဲတစ်ဦးဖြစ်သူ R-Sanjith က လက်ရှိ အိန္ဒိယရဲ့ လက်ဖက်ဈေးဟာ ယမန်နှစ်ဈေးထက် တောင်  ပိုတက်မဲ့ အလားအလာရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံသည် အီဂျစ်၊ ပါကစ္စတန်နဲ့ အင်္ဂလန်နိုင်ငံတို့သို့ လက်ဖက်ကို  CTC ( Crush , Tear, Curl ) အဖြစ်နဲ့ အဓိကထားတင်ပို့ပြီး သမရိုးကျ လက်ဖက်များကိုတော့  အီရတ်၊ အီရန်နဲ့ ရုရှားတို့သို့ တင်ပို့တာဖြစ်ပါတယ်။ ၂၀ဝ၄ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှ လက်ဖက် ကီလိုဂရမ် ၁၁၈၅ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတုန်းကတော့ ကီလိုဂရမ် ၁၂၀ဝ သန်းတင်ပို့နိုင်ခဲ့ပါတယ်။

                                                                                                                                                                                             တိမ်ကင်းစင်