မှတ်ပုံတင်ထားခြင်းမရှိတဲ့အတွက် အများပြည်သူများစားသုံးရန် မသင့်လျော် မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီးနှင့် မြိုင်ရတနာလေးထပ်ဈေး တွင် တားမြစ် လူသုံးကုန်၊ အလှကုန်နှင့် စားသုံးကုန်ပစ္စည်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆ
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကိုသာ အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးမှုများကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါတယ်။
ထိုသို့စစ်ဆေးရာမှာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါး(၈)မျိုးဟာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိတဲ့အတွက် စစ်မှန်သောအစွမ်းထက်မှုကိုအာမခံချက်မပေးနိုင်တဲ့ဆေးဝါးများဖြစ်ကြောင်းနဲ့အများပြည်သူများသုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးကြေညာထားခြင်းအား သိရှိနိုင်ပါရန် ဖော်ပြပေးလိုက်ရပါတယ်-
ဆေးဝါးအမည် ထုတ်လုပ်/ဖြန့်ချီဌာန
- မြင်းပျံအမှတ်တံဆိပ်အကိုက်အခဲပျောက်ဆေးကြီး ဖော်ပြထားခြင်းမရှိပါ
- တောရှောက်လိမ်းဆေး K ု ရုံ (၆)ဈေး(၂)မြစ်ကြီးနား
- စပါယ်ရှယ်အမှတ်တံဆိပ်အဆုတ်ရောဂါဆေးကြီးနှင့် K ရုံ (၆)ဈေး(၂)မြစ်ကြီးနား
ရင်ကျပ်ပန်းနာပျောက်ဆေးကြီး
- ခြင်္သေ့အမှတ်တံဆိပ်သွေးဆေး နန္ဒဝန်ရပ်၊ ညောင်ရွှေ
- အင်းလေးမယ်အလှတံဆိပ်အသားလှသွေးဆေး နဂါးနှစ်ကောင်ဆေးတိုက် လိပ်စာ
ဖော်ပြထားခြင်းမရှိ
- မြန်မာသမားတော်ကြီးဦး-----တံဆိပ်သူငယ်နာ ဈေးအတွင်း၊မြောက်ဘက်တိုက်တန်း၊
အပူအပုပ်ကျလေလည်ကလေးဝဆေးကြီး ကသာ
- ငွေဗျိုင်းဖြူအမှတ်တံဆိပ်ကျောက်ကပ်ဆေး အမှတ်(၁၃)၊ ရပ်ကွက်(၃)ရွှေစက်၊
မြစ်ကြီးနား
- အဆစ်အမြစ်နာရောင်ကိုက်ခြင်း၊ လေးဘက်နာ အမှတ် ၆၃ ၊ မြို့မရပ်၊ မြစ်ကြီးနား
ပျောက်ဆေး
အများပြည်သူတို့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင် ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးများကို ဝယ်ယူခြင်းမပြုရန်နဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားသော ဆေးဝါးများကို စူးစမ်းဝယ်ယူသုံးစွဲရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။
တိုင်းရင်းဆေးပညာဦးစီးဌာနမှ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီတိုင်းရင်းဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုံးဝမပြုလုပ်ရန်နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) (၃၂)အရ တရားစွဲဆိုအရေးယူသွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ပန်