လောင်စာဆီပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအခက်အခဲနဲ့ရင်ဆိုင်နေရ

 

          အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ တမင်လောင်ခရိုင် နဲ့  တာင်ပေါ်ခရိုင်များ မှာ ဓါတ်ဆီ၊ ဒီဇယ် လောင်စာဆီများ ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး အခြား ပြည်နယ်များမှ ဝင်ရောက် လာတဲ့ လောင်စာဆီ ကုန်တင်ယာဉ်များဟာလည်း လမ်းပိတ် ဆန္ဒပြမှုတွေကြောင့် ရပ်တန့်ပေးနေရတဲ့ အတွက် အချိန်ကြာမြင့်နေကြောင်း The Samgai Express  သတင်းစာမှာ ဖော်ပြထားပါတယ်။ပြည်နယ်အစိုးရအနေ နဲ့ လောင်စာဆီပြတ်လပ်မှု မဖြစ်စေရေး အလေးပေး ဆောင်ရွက်ပေးရန် လိုကြောင်း နဲ့ လောင်စာဆီ မှောင်ခိုဈေးမှာလည်း အလွန်မြင့်မားနေကြောင်း သတင်းရရှိပါတယ်။

 

                                                                                စိုးနိုင်(တမူး)