လုပ်ငန်းသုံးယာဉ် (၁၃) မျိုး ပြည်ပမှ တင်သွင်းခွင့်အတွက် ထုတ်လုပ်သည့်ခုနှစ် ဖြေလျော့သတ်မှတ်ခွင့်ပြု
ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုရာမှာထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကို ပြက္ခဒိန် နှစ်အလိုက် နှစ်စဉ် ထုတ်ပြန်သတ်မှတ်လျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ် အမျိုးအစားအလိုက် တင်သွင်းခွင့်ပြုမဲ့ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်အား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်စွဲပါစာဖြင့် ကြေညာထားပြီးဖြစ်ပါတယ်။
ပြည်ပမှ တင်သွင်းခွင့်ပြုတဲ့ လုပ်ငန်းသုံးယာဉ်များကို လွန်ခဲ့သော ၁၀ နှစ်အတွင်း ထုတ်လုပ်တဲ့ ယန္တရားယာဉ်များကို တင်သွင်းခွင့်ပြုထားရာ ၂၀၁၅ ခုနှစ်အတွက် ၂၀ဝ၅ မှ ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်သော ယန္တရားယာဉ်များကို တင်သွင်းခွင့်ပြုထားပါတယ်။
လုပ်ငန်းသုံးစက်ယန္တရားယာဉ်များဟာ တန်ဖိုးကြီးမားပြီးလမ်းပေါ်မှာ မောင်းနှင်အသုံးပြုရခြင်း မဟုတ်ဘဲ လုပ်ငန်းရှိရာတွင်သာ လုပ်ငန်းဆောင်ရွက်ရသော စက်ယန္တရားများဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက် ရသောလုပ်ငန်းရှင်များ တန်ဖိုးသင့်တင့်သော စက်ယန္တရားများကို အသုံးပြုနိုင်ရေးအတွက် လွန်ခဲ့သော နှစ် ၂၀ အတွင်း ထုတ်လုပ်သော (၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်တွင်း)လုပ်ငန်းသုံးယန္တရား ယာဉ် ၁၃ မျိုးကို ဖြေလျော့ တင်သွင်းခွင့်ပြုကြောင်း သတင်းရရှိပါတယ်-
Excavator Bridge Crane
Bulldozer Gantry Crane
Wheel Loader Tower Crane
Vibratory Roller Pilling Machine
Clamp Loader Crawler Drill/ Crane
Motor Grader Overhead Travelling Crane
Road Roller Compaction
ပန်