တစ်ပတ်ထက်တစ်ပတ်ပိုမိုတင်ပို့လာတဲ့မြန်မာ့ဆန်

 

          မြန်မာ့ဆန်တင်ပို့မှုမှာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး တင်ပို့မှုမြင့်တက်လာပြီး မတ်လအတွင်းမှာ တစ်ပတ်ထက်တစ်ပတ် ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ မတ်လ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ရက်သတ္တပတ် အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၃၃၁ သန်းဖိုးရှိ ငစိန်ဆန် ၁၇၄၆၈ တန်နဲ့ ဧည့်မထဆန် ၇၇၉၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ဝ၅၀ သန်းဖိုးရှိ ဆန် တန်ချိန် ၃၀ဝ၀ တင်ပို့ခဲ့ပြီး စခန်းနှစ်ခုပေါင်းမှ ဆန်တန်ချိန် ၂၈၂၆၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်တင်ပို့မှုထက် ၃၉၃၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

          ယခုရက်သတ္တပတ်မှာ ဆန်ကွဲလည်း ပိုမိုတင်ပို့နိုင်ပါတယ်။ကန်ဒေါ်လာ ၃ ဒသမ ၁၀၃ သန်းဖိုးရှိ ဆန်ကွဲ ၉၅၇၀ တန်ကျော်ကို မူဆယ်နဲ့ လွယ်ဂျယ်မှ တင်ပို့ခဲ့ရာ မူဆယ်မှ တန် ၈၀၇၀ ၊ လွယ်ဂျယ်မှ တန် ၁၅၀ဝ ဖြစ်ပါတယ်။ ယခင်တစ်ပတ်ထက် ၉၇၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

          ပင်လယ်ရေကြောင်းကုန်သွယ်မှုမှလည်း ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၇၅၇ သန်းဖိုးရှိ ဆန်ဖြူ ၁၇၈၁၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၆၅ သန်းဖိုးရှိ ပေါင်းဆန် တန် ၁၃၀ဝ ကို တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လ အတွင်းမှာ နယ်စပ်စခန်းများမှရော ပင်လယ်ရေကြောင်းမှပါ ယခင်လထက် ဆန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။    

                                                                             ယဉ်ယဉ်အေးMIRT(DCCA)