ဖရဲ၊သခွား စုံလင်စွာ တင်ပို့နိုင်တဲ့ ဒို့မြန်မာ

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၂၁ ရက်မှ ၂၇ ရက်တာကာလအတွင်း ဖရဲသီး ၁၂၀၂၆ တန်၊ လွယ်ဂျယ်မှ တန် ၃၄၀ နဲ့ကန်ပိုက်တီးမှ တန် ၆၀ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၄၇ သန်းဖိုး၊ မူဆယ်မှ သခွားမွှေး ၁၁၇၂၅ တန်ကို တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၃၉၂ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က မူဆယ်၊လွယ်ဂျယ်နဲ့ တမူးမှ ဖရဲသီး ၉၉၈၂ တန်၊ မူဆယ်မှ သခွားမွှေး ၅၉၃၀ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။သြင်္ကန်ကာလရောက်လျှင် ကားအသွားအလာတွေ ခက်ခဲမှာဖြစ်တဲ့အတွက် ယခုလို ဖရဲ၊ သခွား၊ စပျစ်၊ဖရုံစတဲ့ မြန်မာပြည်ထွက် သစ်သီးဝလံမျိုးစုံကို ပိုမိုတင်ပို့ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လ တစ်လလုံးမှာ စခန်းစုံမှ တင်ပို့ခဲ့တဲ့ ဖရဲသီးတန်ချိန်ပေါင်း ၇၆၅၀ဝ ကျော်ရှိပြီး မူဆယ်စခန်းအနေနဲ့ကတော့ သခွားမွှေး ၃၇၄၃၀ တန်၊ စပျစ်သီး ၆၇ တန် ၊ အုန်းသီး ၁၈ တန်ခွဲနဲ့ ရွှေဖရုံသီး ၇၁ တန် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

                                                                       

                                                                မော်မော်အောင် MIRT (DCCA)