၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏလျာထားချက်အပေါ် ၁၀၉ ရာခိုင်နှုန်း ကျော်ဆောင်ရွက်နိုင်
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ ပို့ကုန်သွင်းကုန် ဆောင်ရွက်နိုင်မှုမှာ ကန်ဒေါ်လာ ၂၈၁၃၆ သန်းကျော်ဖြစ်ပြီး ပို့ကုန်ကန်ဒေါ်လာ ၁၁၆၁၁ သန်းကျော်နဲ့သွင်းကုန် ကန်ဒေါ်လာ ၁၆၅၂၄ သန်းကျော် အသီးသီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကုန်သွယ်မှုလိုငွေကတော့ ကန်ဒေါ်လာ ၄၉၁၂ သန်းကျော်ရှိနေတယ်လို့သိရပါတယ်။ကုန်သွယ်မှုပမာဏလျာထားချက်မှာ ကန်ဒေါ်လာ ၂၅၇၀ဝ သန်းဖြစ်ရာ လျာထားချက်အပေါ် ၁၀၉ ဒသမ ၄၈ ရာခိုင်နှုန်း ၊ ပို့ကုန်အပေါ် ၉၁ ရာခိုင်နှုန်းကျော်နဲ့ သွင်းကုန်အပေါ် ၁၂၇ ရာခိုင်နှုန်းကျော်အသီးသီး ဆောင်ရွက် နိုင်ခဲ့ပါတယ်။ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုပမာဏကို ခွဲခြားဖော်ပြလိုက်ရပါတယ်-
တန်ဖိုး-ကန်ဒေါ်လာသန်းပေါင်း
ပို့ကုန် သွင်းကုန် ကုန်သွယ်မှု
ပင်လယ်ရေကြောင်း ၇၃၄၆.၂၆၃ ၁၄၁၂၉.၆၉၈ ၂၁၄၇၅.၉၆၁
နယ်စပ် ၄၂၆၅.၅၈၂ ၂၃၉၄.၇၀၆ ၆၆၆၀.၂၈၈
စုစုပေါင်း ၁၁၆၁၁.၈၄၅ ၁၆၅၂၄.၄၀၄ ၂၈၁၃၆.၂၄၉
ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၁၇၂ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ပို့ကုန်ပိုင်းမှာ ယခုနှစ်တွင် ကန်ဒေါ်လာ ၁၁၆၁၁ သန်းကျော်ဖြစ်ပြီး ယမန်နှစ်မှာ ကန်ဒေါ်လာ ၁၁၂၀၃ သန်းကျော်ဖြစ်သဖြင့် ယမန်နှစ် ကာလတူထက် ကန်ဒေါ်လာ ၄၀၇ သန်းကျော် ပိုမိုခဲ့ပါတယ်။ ထိုကဲ့သို့ပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်၊ သတ္ထုတွင်းထွက်၊ စက်မှုကုန်ချောနဲ့ အခြားတို့တင်ပို့မှုပိုမိုခဲ့၍ဖြစ်ပါတယ်။လယ်ယာထွက်ကုန်တွင် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲစင်းငုံ ၊ ကုလားပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲ၊ ပဲနီကြား၊ မြေပဲဆံတို့ အပို့ ပိုမိုခဲ့ပါတယ်။ ပြည်ပပို့ကုန်အုပ်စုအလိုက် ကာလတူနှိုင်းယှဉ်ချက်
တန်ဖိုး-ကန်ဒေါ်လာသန်းပေါင်း
၂၀၁၄-၂၀၁၅ ၂၀၁၃-၂၀၁၄ နိုှုင်းယှဉ်ချက်
ဘဏ္ဍာနှစ် ဘဏ္ဍာနှစ် တိုး/လျော့
လယ်ယာထွက်ပစ္စည်း ၂၇၈၆.၅၃၆ ၂၆၆၁.၂၆၅ (+) ၁၂၅.၂၇၁
တိရစ္ဆာန်ထွက်ပစ္စည်း ၈.၂၉၆ ၁၅.၄၂၀ (-) ၇.၁၂၄
ရေထွက်ပစ္စည်း ၄၁၉.၁၃၁ ၅၁၆.ဝ၄၁ (-) ၉၆.၉၁၀
သတ္ထုတွင်းထွက် ၁၄၇၄.၅၂၁ ၁၃၃၉.၄၅၆ (+) ၁၃၅.ဝ၆၅
သစ်တောထွက် ၉၄.၇၇၄ ၉၄၈.ဝ၂၇ (-) ၈၅၃.၂၅၃
စက်မှုကုန်ချော ၅၇၃၁.၁၄၁ ၄၆၃၇.၄၉၄ (+) ၁၀၉၃.၆၄၇
အခြား ၁၀၉၇.၄၄၆ ၁၀၈၆.၂၅၄ (+) ၁၁.၁၉၂
စုစုပေါင်း ၁၁၆၁၁.၈၄၅ ၁၁၂၀၃.၉၅၇ (+) ၄၀၇.၈၈၈
သွင်းကုန်ပိုင်းကိုကြည့်လျှင် ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၂၇၆၄ သန်းပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သွင်းကုန်အုပ်စု(၃)ခုလုံး ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတို့ အသွင်းပိုမိုခဲ့တယ်လို့ သိရပါတယ် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများဖြစ်တဲ့ စက်နဲ့စက်ပစ္စည်းများ၊ သံနဲ့သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ ၊ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ်ပစ္စည်းများ၊ ဘိလပ်မြေ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများဖြစ်တဲ့ ရေနံထွက် ပစ္စည်းများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ဓါတ်မြေဩဇာနဲ့ဂျုံစေ့များ ယမန်နှစ်ကာလ တူထက် ပိုမိုတင်သွင်း ခဲ့တယ်လို့သိရပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ ပိုမိုတင်သွင်းခြင်းနဲ့ စပ်လျဉ်းပြီး နိုင်ငံရေး အပြောင်းအလဲများပေါ် အခြေခံပြီး ပြည်တွင်းပြည်ပကုန်သည်လုပ်ငန်းရှင်များရဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်လာခြင်း၊ ကုန်သွယ်မှု ဆိုင်ရာ ဖြေလျော့မှုများကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်အနေနဲ့ စက်သုံးဆီ တရားဝင် တင်သွင်းခွင့်များရရှိလာခြင်း၊ စက်နဲ့စက်အပိုပစ္စည်းများ ပိုမိုတင်သွင်းခဲ့ခြင်းတို့ကြောင့် သွင်းကုန်ပမာဏ ပိုမိုများပြား လာရခြင်းဖြစ်ပါတယ်။ယခုနှစ်နဲ့ ယမန်နှစ် ကာလတူပို့ကုန်သွင်းကုန် နှိုင်းယှဉ်ချက်ကို ဖော်ပြပေး လိုက်ရပါတယ်-
ပြည်ပသွင်းကုန်အုပ်စုအလိုက် ကာလတူနှိုင်းယှဉ်ချက်
တန်ဖိုး-ကန်ဒေါ်လာသန်းပေါင်း
၂၀၁၄-၂၀၁၅ ၂၀၁၃-၂၀၁၄ နိုှုင်းယှဉ်ချက်
ဘဏ္ဍာနှစ် ဘဏ္ဍာနှစ် တိုး/လျော့
ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း ၇၃၆၂.၃၀၅ ၅၆၉၂.ဝ၁၆ (+) ၁၆၇၀.၂၈၉
လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း ၅၆၆၈.၈၃၃ ၅၆၈၄.ဝ၃၃ (-) ၁၅.၂၀ဝ
လူသုံးကုန်ပစ္စည်း ၃၄၉၃.၂၆၆ ၂၃၈၃.၄၅၈ (+) ၁၁၀၉.၈၀၈
စုစုပေါင်း ၁၆၅၂၄.၄၀၄ ၁၃၇၅၉.၅၀၇ (+) ၂၇၆၄.၈၉၇
MIRT