တရားမဝင် တင်သွင်းလာသော ဂြိုလ်တုရုပ်သံဖမ်းစက်၊ အသံချဲ့စက်၊ ရေခဲသေတ္တာ၊ ပန်ကာ၊ အဝတ်လျှော်စက်၊ လူသုံးကုန်ပစ္စည်းများစွာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း တာဝန်ကျ Mobile Team ကကုန်တင်ယာဉ်(၄)စီးပေါ်မှ စစ်ဆေးတွေ့ရှိ
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော Mobile Team လရ-၂ အဖွဲ့သည် သတင်းပေး တိုင်ကြားချက်အရ မတ်လ ၂၇ ရက်နေ့မှာ မော်တော်ယာဉ်(၄)စီးအား ညောင်ခါးရှည်၌ တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြဝတီမှ သွင်းကုန်ပစ္စည်းများကို လိုင်စင်/ ID ဖြင့်ကြေညာတင်ဆောင်လာသော မော်တော်ယာဉ်များတွင် တရားမဝင်/အကောက်ခွန်မဲ့ပစ္စည်းများ တင်ဆောင်မှုရှိနေကြောင်း တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ သတင်းပေးခဲ့တာဖြစ်ပါတယ်။
သတင်းပေးတိုင်ကြားချက်အရ တားဆီးခဲ့သော ယာဉ်(၄)စီးမှာ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ (ID)ထက်ပိုမိုတင်ဆောင်လာခြင်း၊ အကောက်ခွန်မဲ့ပစ္စည်းများပါရှိခြင်းတို့ကြောင့် ညောင်ခါးရှည်တွင် စစ်ဆေးပါက မလိုလားအပ်သာ အုပ်ချုပ်မှုကိစ္စများ ပေါ်ပေါက်လာနိုင်တာကြောင့် ရန်ကုန်-ဆူးလေဆိပ်ကမ်း မြေပြင်ချစစ် ဂိုဒေါင်ဝင်းသို့ ပို့ဆောင်စေလွှတ်ပြီး အထူးစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ တရားမဝင်အကောက်ခွန်မဲ့ တင်သွင်းလာ တဲ့ အောက်ဖော်ပြပါပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်-
ပစ္စည်းအမျိုးအမည် ရေတွက်ပုံ အရေအတွက်
ဂြိုလ်တုရုပ်သံဖမ်းစက် Digital Receiver စုံ ၁၁၀ဝ
စလောင်ဗန်း PSI ၂’ ခု ၁၁၀ဝ
စလောင်းဒေါက် ခု ၁၁၀ဝ
စလောင်းထိပ်ဖူး ခု ၁၁၀ဝ
စလောင်းဖမ်းစက် ခု ၁၁၀ဝ
Water Cooler ခု ၄၈
Speaker ခု ၃၃၂
Coaxial Cable kg ၁၅၈၄.၈
စားပွဲတင်ပန်ကာ12’’ ခု ၂၂၇
စားပွဲတင်ပန်ကာ16’’ ခု ၄၀
အဝတ်လျှော်စက Fully Auto ခု ၃၂
အဝတ်လျှော်စက် Semi Auto ခု ၆
Synthetic Cotton Fabric (ပြောင်) kg ၆၈၂
မဝတ်ထမီ ထုပ် ၁၂၆
နိုင်လွန်ဇာ ထုပ် ၁၉
နို့မုန့်(Nestle) kg
ခေါက်ဆွဲထုတ် ဖာ ၁၀၉
ပါရာစီတမော(၁ x ၅၀ဝx ၁၀ဝ ) Pkg ၁၅
တာပင်တိုင်ဆီ ပုံး ၂၄၀
ဖော်ပြပါ စစ်ဆေးတွေ့ရှိ အကောက်ခွန်မဲ့ တင်ဆောင်လာသော ပစ္စည်းများအား ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
(ဓါတ်ပုံပါသည်။)
MIRT