နာနတ်သီးဓါတ်စာ စားသုံးခြင်း၏အကျိုး

 

    နာနတ်သီး ဓါတ်စာသည် ခန္ဓာကိုယ် အလေးချိန်  လျှော့ချပေးစေနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ အချို့ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများက ကယ်လိုရီမပါရှိသော အစာများ သည် ခန္ဓာကိုယ် အလေးချိန်ကို လျင်လျင် မြန်မြန် လျော့ချပေးနိုင်တယ်လို့ ပြောကြပါတယ်။ကယ်လိုရီမပါရှိသော အစာ (Negative Calorie Foods)  များမှာ ကယ်လိုရီအလွန့် အလွန် နည်းပါးစွာ ပါရှိပါတယ်။ ကယ်လိုရီများတဲ့အစာများကို စားသုံးတဲ့အခါ အစာကြေညက်စေရန် ပြုလုပ်ရတဲ့အတွက် ခန္ဓာ ကိုယ်မှာ လောင်မြိုက်မှုပိုမိုရပါတယ်။

  နာနတ်သီးမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်များစွာပါရှိပါတယ်။ နာနတ်သီးမှာ ဗိုက်တာမင်စီ၊ သိုင်ဟာမီင်းန်နဲ့ ပိုတက်စီယမ်ဓါတ်များ များစွာပါရှိပါတယ်။ မဂ္ဂနီးစ်နဲ့ အမျှင်ဓါတ်များလည်းပါရှိပါတယ်။ဒီအာဟာရဓါတ်အားလုံးဟာ ခန္ဓာကိုယ် အလေးချိန်လျော့ ကျစေရေးအတွက် အထောက်အကူပြုပြီး ကျန်းမာသော ခန္ဓာကိုယ်ဖြစ်အောင်လည်းမြှင့်တင်ပေးစွမ်းပါတယ်။

နာနတ်သီးဓါတ်စာ ၃ ရက်စားသုံးလျှင်-

 နာနတ်သီးဓါတ်စာကို စတင်စမ်းသပ်သူသည Joann Metzer ဖြစ်ပါတယ်။သူမရဲ့ ပြောကြားချက်အရ နာနတ်သီး ဓါတ်စာကို စားသုံးပြီးနောက် ၆ ပတ်အတွင်းမှာ ゞင်းရဲ့ခန္ဓာကိုယ်ဟာ ၄၃ ပေါင်ကျသွားတယ်လို့ သိရပါတယ်။ဓါတ်စာစားနည်းအမျိုးမျိုးရှိသော်လည်း သဘောတရားကတော့ အတူတူဘဲဖြစ်ပါတယ်။ ဓါတ်စာဟာ နာနတ်သီးအပေါ်မှာ လုံးဝအခြေခံထားပါတယ်။ ဓါတ်စာအမျိုးမျိုးအနက် နာနတ်သီးနဲ့ တူနာငါး ဓါတ်စာဟာ ယေဘုယျအကျဆုံးနဲ့ သက်ရောက်မှုအရှိဆုံးလို့သိရပါတယ်။

   ဓါတ်စာစားသုံးရမဲ့ နည်းလမ်းကတော့ ပထမဆုံးနေ့မှာ နာနတ်သီးတစ်လုံးကစတင်ခြင်းစရမှာဖြစ်ပါတယ်။ နာနတ်သီးကို အစိပ်များစိပ်ထားပြီး တစ်နေကုန်စားသုံးပေးရမှာဖြစ်ပါတယ်။ ရေလည်းများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒုတိယနေ့မှာတော့ နာနတ်သီးတစ်လုံးကို တူနာငါးသေတ္တာ ၂ ဘူးနဲ့ နံနက်စာ(Lunch့) နဲ့ (dinner) တို့အကြားမှာ စားပေးရမှာဖြစ်ပြီး တတိယမြောက်နဲ့နောက်ဆုံးနေ့မှာလည်း အလားတူဘဲ စားပေးရမှာဖြစ်ပါတယ်။

နာနတ်သီးဓါတ်စာစားသုံးခြင်းအကျိုး

    အဓိကအကျိုးကျေးဇူးကတော့ ခန္ဓာကိုယ်အလေးချိန် လျင်လျင်မြန်မြန်ကျသွားခြင်းဘဲဖြစ်ပါတယ်။ နာနတ်သီးဓါတ်စာဟာ စနစ်ကျနလှပါတယ်။ ကြိုတင်မသိနိုင်တဲ့ ကျန်းမာရေးအတွက် အထူးအစားအစာကို ကြိုတင်ပြင်ဆင်ထားရန်မလိုပါဘူး။ နာနတ်သီးမှာ အဟာရများစွာပါရှိတဲ့အတွက်ဖြစ်ပါတယ်။ နာနတ်သီးမှာ antioxidants ၊ ဗိုက်တာမင်စီနဲ့ အခြားမရှိမဖြစ်အာဟာရများစွာပါရှိပါတယ်။ နာနတ်သီးမှာ မဂ္ဂနီးစ် ပါဝင်မှုမြင့်မားလွန်းပါတယ်။မဂ္ဂနီးစ်ဟာ လည်ပင်းကြီးရောဂါများအတွက်များစွာ ထိရောက်တဲ့ သတ္ထုဓါတ်ဖြစ်ပါတယ်။ နာနတ်သီးမှာ electrolytes များစွာပါဝင်တဲ့အတွက် နှလုံးခုန်နှုန်းများကို ထိန်းကျောင်းပေးနိုင်ပါတယ်။ အာရုံကြောများနဲ့ ြွကက်သားများကိုလည်း အားကောင်းစေပါတယ်။

 နာနတ်သီးဓါတ်စာ စားသုံးရာမှာ ဂရုပြုသင့်တဲ့ အကြောင်းအရာအချို့ကို ဆက်လက်ဖော်ပြသွားပါ့မယ်။နာနတ်သီးဓါတ်စာဟာ       လူတိုင်းအတွက်သင့်တော်တယ်လို့ပြောလို့တော့မရပါဘူး။ကန့်သတ်ချက်များရှိပါတယ်။ ရေရှည်စွဲစားသုံးခြင်းကြောင့် အာဟာရ ဓါတ်ချို့ယွင်းမှုနဲ့ကြုံတွေ့ရပါတယ်။နာနတ်သီးဟာ အမျှင်ဓါတ်များတဲ့ အသီးဖြစ်ပါတယ်။ အစာချေရန်များစွာအထောက်အကူပြုပါတယ်။ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်တဲ့ အာဟာရကို အပြည့်အဝ ဖြည့်တင်းပေးနိုင်ခြင်းမရှိသော်လည်း ခန္ဓာကိုယ်အလေးချိန်လျှော့ချမှုအတွက်မှာတော့ အထောက်အကူပြုပါတယ်။တူနာငါးဟာလည်း ပြဒါးပါဝင်မှုများတဲ့အတွက် ငါးသေတ္တာ၂ ဘူးဆိုတဲ့ ပမာဏဟာလည်း ကျန်းမာရေးအတွက်ထိခိုက်စေနိုင်ပါတယ်။ဥပမာ- ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ (Migraine Headaches) ကိုလည်း ဖြစ်စေနိုင်ပါတယ်။နာနတ်သီးမှာ အက်စစ်ဓါတ်များစွာပါတဲ့အတွက် အစာအိမ်ဝေဒနာ ခံစားရသူများအနေနဲ့ နာနတ်သီးဓါတ်စာကို စားသုံးမည်ဆိုလျှင် မိမိရဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်တယ်လို့ကြိုတင်အသိပေးလိုက်ပါရစေ။                        

                                                                                                                                                                                                                                      ရှင်ပါဂူ